🧡 ဘာသာစကားအတားအဆီးများကို ကျော်လွှားကာ အကြမ်းဖက်မှုကြုံတွေ့ခဲ့ရသူများအတွက် ဝန်ဆောင်မှုများ အပြည့်အဝ ရယူနိုင်စေရန် Caseworkers' Support Service မှ ပံ့ပိုးပေးလျက်ရှိ

RBB သည် လွန်ခဲ့သည့် ၅ နှစ်ကျော်ကာလမှစ၍ မဲဆောက်ဆေးရုံရှိ One Stop Crisis Center (OSCC) တွင် Caseworker ၂ ဦးကို ပံ့ပိုးပေးလျက်ရှိပြီး အကြမ်းဖက်မှုကြုံတွေ့ခဲ့ရသူများအနေဖြင့် လိုအပ်သော ဝန်ဆောင်မှုများနှင့် စောင့်ရှောက်မှုများကို လက်လှမ်းမီစေရန် ကူညီပေးလျက်ရှိသည်။

📍 ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ကျွန်ုပ်တို့၏ Caseworker များသည် အကြမ်းဖက်မှုကြုံတွေ့ခဲ့ရသော ထိုင်းနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၃၈၈ ဦး ကို ကျန်းမာရေးပညာရှင်များထံမှ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကုသမှုများ ရရှိနိုင်စေရန် ပံ့ပိုးကူညီပေးခဲ့သည်။

📍 အကြမ်းဖက်မှုကြုံတွေ့ခဲ့ရသူများအတွက် ဘာသာစကား အခက်အခဲများနှင့် အကူအညီတောင်းခံရန် ကြောက်ရွံ့မှုများရှိခြင်းကြောင့် လိုအပ်သော ဝန်ဆောင်မှုများ လက်လှမ်းမီရန် ခက်ခဲလေ့ရှိသည်။ အကြမ်းဖက်မှုကြုံတွေ့ခဲ့ရသူတို့၏ ဘာသာစကားကို ပြောဆိုနိုင်ပြီး သူတို့၏ အခြေအနေကို နားလည်သဘောပေါက်သော Caseworker များ ရှိနေခြင်းသည် အကူအညီလိုအပ်သူများအား ပိုမိုယုံကြည်စိတ်ချစေပြီး မိမိတို့၏ လိုအပ်ချက်များကို ဖော်ပြနိုင်ကာ သင့်လျော်သော ဝန်ဆောင်မှုများကို ရရှိစေရန် အထောက်အကူပြုသည်။

📍 ဤကိန်းဂဏန်းများသည် ဝန်ဆောင်မှုရရှိခဲ့သူ အရေအတွက်ကိုသာ မဟုတ်ဘဲ အကြမ်းဖက်မှုကြုံတွေ့ခဲ့ရသူများအနေဖြင့် အကူအညီတောင်းခံရာတွင် ဘေးကင်းလုံခြုံသည်ဟု ခံစားရပြီး မိမိအတွက်သင့်လျော်သော စောင့်ရှောက်မှုနှင့် အကူအညီများကို ရရှိနိုင်သည့် ပံ့ပိုးကူညီမှုရှိသော ပတ်ဝန်းကျင်တစ်ခု၏ အရေးပါမှုကိုလည်း ဖော်ပြနေသည်။

RBB will continue working with Mae Sot Hospital to help ensure that survivors can access services without language barriers and receive support with dignity and respect. 🧡

#RightsBeyondBorders #SurvivorsOfViolence #KeepingChildrenSafeinMigration #GBVSurvivorsCenteredApproach 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်