Skip to content
Rights Beyond Border Logo
  • အိမ်
  • အကြောင်း
  • Projects
    • Advance Project: Migrant Education
    • Advancing Empowerment of Refugee Children
    • Myanmar Response Program
  • ပုံနှိပ်စာအုပ်များ
  • iHub
    • သတင်းအချက်အလက်
    • ဥပဒေ / မူဝါဒ
    • ကာကွယ်ရေး
    • ပညာရေး
    • စိတ်ပိုင်းဆိုင်ရာကျန်းမာရေး
    • သတင်းအချက်အလက်
    • ဥပဒေ/မူဝါဒ
    • ကာာကွယ်ရေး
    • ပညာရေး
    • စိတ်ကျန်းမာရေး
  • ဆက်သွယ်ရန်
INFO HUB

ကာကွယ်ရေး

  • အိမ်
  • Blog
  • ကာကွယ်ရေး
  • Page 2
ကာကွယ်ရေး, သတင်းအချက်အလက်

ကျား၊မရေးရာအခြေခံအကြမ်းဖက်မှုဆိုတာဘာလဲ?

https://rightsbeyondborder.org/wp-content/uploads/2024/10/What-is-Gender-Based-Violence-2-212×300.png ကျား၊မရေးရာအခြေခံအကြမ်းဖက်မှုဆိုသည်မှာ လူတစ်ဦးတစ်ယောက်၏ ကျား၊မ သို့မဟုတ် အချိုးအစားမမျှမတဖြစ်စေသော ကျား-မ ခွဲခြားမှုအပေါ် သက်ရောက်စေသော အကြမ်းဖက်မှုကြောင့် လူတစ်ဦးအပေါ် ဦးတည်သော အကြမ်းဖက်မှုဖြစ်သည်။ အကြမ်းဖက်မှုသည် အသက်ရှင် ကျန်ရစ်သူများနှင့် ၎င်းတို့၏မိသားစုများအပေါ် ရေရှည်အကျိုးသက်ရောက်မှုရှိသည်။ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပြီး မိမိကိုယ်ကိုယ် အန္တရာယ်ပြုခြင်း၊ အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် အဆုံးစီရင်ရန် ကြိုးပမ်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ GBV ဖြစ်နိုင်ခြေအား တိုးစေသည့် အကြောင်းအရင်းများစွာရှိပြီး အမျိုးသမီးများနှင့် မိန်းကလေးများသည် အကျပ်အတည်းများကြား ဖြတ်သန်းနေကြရသည်များလည်းရှိသည်။ အဘယ်ကြောင့်ဆိုသော် ပြည်တွင်ပဋိပက္ခများနှင့် အတင်းအကျပ် ရွှေ့ပြောင်းခိုင်းစေခြင်းတို့သည်ကို ဖြစ်စေသော အလားတူ အခြေအနေများသည် GBV ကိုလည်း အရှိန်မြှင့်ပေးသောကြောင့် ဖြစ်သည်။အကြမ်းဖက်မှုသည် ရှုပ်ထွေးသောပြဿနာဖြစ်ပြီး ကွဲပြားသော အကြမ်းဖက်မှုအမျိုးအစားများကို ခွဲခြားသတ်မှတ်ခြင်းသည် မည်သည့်အခါမျှ အတိအကျ မဖြစ်နိုင်ပါ။ […]

ကာကွယ်ရေး, သတင်းအချက်အလက်

One Stop Crisis Center (OSCC)

https://rightsbeyondborder.org/wp-content/uploads/2024/08/OSCC-4-212×300.png မဲဆောက်ဆေးရုံရှိ OSCC သည် လိင်ပိုင်းဆိုင်ရာနှင့် ကိုယ်ထိလက်ရောက် မတော်မတရားပြုကျင့်ခံရသည့် ကလေးနှင့် အမျိုးသမီးများအတွက် အကာအကွယ်ပေးရေး ဝန်ဆောင်မှုများကိုဆောင်ရွက်လျက်ရှိသည်။ ထိုင်းနှင့် ထိုင်းမဟုတ်သော ကလေးများအတွက် ဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသော ကလေးသူငယ်များနှင့် အမျိုးသမီးများ၊ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် အသက် ၁၅ နှစ်အောက် ကလေးများနှင့် မိသားစုဝင်များထံမှ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ခံခဲ့သော အသက်15 နှစ်နှင့် အထက် အမျိုးသမီးများကို အကာအကွယ်ပေးရန်၊ မဲဆောက်ဆေးရုံရှိ OSCC စင်တာအား အစိုးရဌာနများနှင့်  ဒေသဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများပူးပေါင်းကာဖွင့်လှစ်ထားပါသည်။ OSCC စင်တာသည် မဲဆောက်ဆေးရုံကြီး၏ စတုတ္ထထပ်တွင် တည်ရှိပြီး ၂၄ နာရီ ဝန်ဆောင်မှုပေးပါသည်။ ထိုဝန်ဆောင်မှုသည် အကြမ်းဖက်မှုအားခံရသည့် […]

ကာကွယ်ရေး, သတင်းအချက်အလက်

ထိုင်းနိုင်ငံအတွင်းရှိလိမ်လည်မှုများ

https://rightsbeyondborder.org/wp-content/uploads/2024/07/Scams-in-Thailand-212×300.png ငွေရေးကြေးရေး လိမ်လည်မှုများသည် ယခုကာလမှရှိလာသည်မဟုတ်ဘဲ လူမှုအဖွဲ့အစည်းနှင့် ဒွန့်တွဲလာသည်မှာကြာပြီဖြစ်သည်။ လိမ်လည်နည်းများသည်လည်း ခေတ်ကာလနှင့် အညီပြင်ပြီး အသုံးပြုနေသည့် လိမ်လည်အကွက်များသာဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ သားကောင်တွေဆီမှ ငွေလိမ်လည်ယူရန်ဖြစ်သည်။ ငွေရေးကြေးရေး လိမ်လည်မှုများ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် လိမ်လည်မှုများအား အထူးသတိထားရမည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံအတွင်း လိမ်လည်မှုဖြစ်ရပ်များအား ဥပမာအမျိုးမျိုးဖြင့် ဖော်ပြပါမည်။ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်၏လိမ်လည်မှုများ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်များသည် ကံစမ်းခြင်းနှစ်သက်ကြသော လောင်းကစားသမားများကြားတွင် အလွန်ရေပန်းစားသည်။ ယနေ့တွင် လူပေါင်း 4-5 သန်းအထိရှိပြီးအများစုမှာ စလော့နှင့်ခါဘာလာကို ကစားကြပြီး အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုဒ်လုပ်ငန်းသည် ထိုင်းနိုင်ငံပြည်တွင်းနှင့် ပြည်ပ တွင်ပါရှိသည်။ ထိုင်းနိုင်ငံအတွင်းမှာမူ ကွန်ဒို၊ အငှားအိမ်များတွင် လုပ်ငန်းလည်ပတ်ကြပြီး တစ်ခါတစ်ရံ လုပ်ငန်းပိုင်ရှင တစ်ဦးမှ ကွန်ဒိုအထပ်များစွာငှားရမ်းပြီး အထပ်တစ်ခုချင်းစီတွင် အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုဒ်အမျိုးမျိုး လုပ်ကိုင်ကြသည်။အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုဒ်သည် […]

ကာကွယ်ရေး, သတင်းအချက်အလက်

ထိုင်းနိုင်ငံတွင် အမျိုးသမီးအခွင့်အရေးနှင့် ကျား၊မတန်းတူအခွင့်အရေရရှိရေး

https://rightsbeyondborder.org/wp-content/uploads/2024/06/Womens-Rights-In-Thailand-1-212×300.jpg ထိုင်းနိုင်ငံရှိ အမျိုးသမီးအခွင့်အရေး  ဥပဒေသုံးချက် ထိုင်းနိုင်ငံ၏ 2017 ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “အမျိုးသားနှင့် အမျိုးသမီးများ တန်းတူအခွင့်အရေး ခံစားရမည်” နှင့် လိင်ကိစ္စကြောင့် ခွဲခြားဆက်ဆံခြင်း မရှိစေရဟု ရှင်းလင်းစွာဖော်ပြထားသည်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ (UN) ကွန်ဗင်းရှင်းကို ထိုင်းနိုင်ငံသည် ၁၉၈၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ 2015 Gender Equality Act သည် ထိုင်းနိုင်ငံရှိ အမျိုးသမီးများအတွက် ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးဥပဒေများကို အားကောင်းစေပြီး ကျား၊မ ကွဲပြားမှုအပေါ်အခြေခံ၍ တစ်စုံတစ်ဦးကို ခွဲခြားဆက်ဆံခြင်းများအားလည်း တားမြစ်ထားသည်။   ထိုင်းနိုင်ငံအတွင်း အမျိုးသမီးများအပေါ် သဘောထားများ ထိုင်းနိုင်ငံတွင် အမျိုးသမီးများအပေါ် သဘောထားများသည် ရှေးရိုးဆန်သည်။ သို့သော်လည်း ကျား၊မတန်းတူရေး၊ အမျိုးသမီးလွတ်လပ်ရေးနှင့် အမျိုးသမီးခေါင်းဆောင်မှုတို့ကို […]

ကာကွယ်ရေး, သတင်းအချက်အလက်, ဥပဒေ / မူဝါဒ

ကလေးများ၏ ကျန်းမာရေးအခွင့်အရေး

https://rightsbeyondborder.org/wp-content/uploads/2024/06/LINE_ALBUM_I-HUB-graphic_240610_2-1-212×300.jpg  ထိုင်းနိုင်ငံ၏ ဥပဒေဘောင်အောက်တွင် ကလေးများ၏ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ ကလေးသူငယ်များ၏ ကျန်းမာရေးအခွင့်အရေး အပါအဝင် အခွင့်အရေးမြှင့်တင်ရေးနှင့် အကာအကွယ်ပေးခြင်းသည် ထိုင်းနိုင်ငံအတွက် ဦးစားပေးဖြစ်သည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း (CRC) တွင် ၁၉၉၂ ခုနှစ်တွင် အဖွဲ့ဝင်ဖြစ်လာပြီးနောက် ထိုင်းနိုင်ငံသည် ဥပဒေအသစ်များကို ပြဋ္ဌာန်းခဲ့ပြီး CRC ၏ ပြဋ္ဌာန်းချက်များနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ဥပဒေပုဒ်မများစွာကို ပြင်ဆင်ခဲ့သည်။ အထင်ရှားဆုံးမှာ ၂၀၀၃ ခုနှစ် ကလေးသူငယ် ကာကွယ်ရေး အက်ဥပဒေ ဖြစ်ပြီး ဆင်းရဲနွမ်းပါးသော၊ စွန့်ပစ်ခံရသော သို့မဟုတ် မသန်မစွမ်းကလေးငယ်များကဲ့သို့သော ခက်ခဲသော အခြေအနေများတွင် ကလေးသူငယ်များအပါအဝင် လမ်းဘေးကလေးငယ်များ၊ မိဘမဲ့ကလေးများနှင့် ကလေးငယ်များအားလုံးကို အကာအကွယ်ပေးထားသည်။ အက်ဥပဒေ ပုဒ်မ ၂၂ တွင် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ကလေးသူငယ်များအား […]

ကာကွယ်ရေး, သတင်းအချက်အလက်

ဘေးကင်သောရွှေ့ပြောင်းနေထိုင်ခြင်း

https://rightsbeyondborder.org/wp-content/uploads/2024/06/16-1-212×300.jpg ရွှေ့ပြောင်းနေထိုင်ခြင်းဆိုသည်မှာ နိုင်ငံအတွင်းတွင်ဖြစ်စေ၊ နိုင်ငံရပ်ခြားသို့ဖြစ်စေ မိမိမူလနေထိုင်သောနေရာမှ အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ခြင်းကို ဆိုလိုသည်။ ရွှေ့ပြောင်းနေထိုင်ခြင်းတွင် ဖိအားပေးခံရ၍ ရွှေ့ပြောင်းနေထိုင်ရခြင်း နှင့် စိတ်ဆန္ဒအလျှောက် ရွှေ့ပြောင်းနေထိုင်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ ဖိအားပေးခံရ၍ ရွှေ့ပြောင်းနေထိုင်ခြင်းသည် နိုင်ငံအတွင်းအိုးမဲ့အိမ်မဲ့ဖြစ်နေသောသူများ (မိမိနိုင်ငံ သို့မဟုတ် နေရပ် အတွင်းဖြစ်နေသော ပဋိပက္ခများကြောင့် အိုးအိမ်မဲ့ရခြင်း၊အသက် အန္တရာယ်စိုးရိမ်ရခြင်း) တို့အပြင် သဘာဝဘေးအန္တရာယ် နျူကလိယဘေးအန္တရယ် သို့မဟုတ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန် ဆောင်ရွက်သောစီမံကိန်းများကြောင့် ရွှေ့ပြောင်းရခြင်း ကိုဆိုလိုခြင်းဖြစ်သည်။ စိတ်ဆန္ဒအလျှောက် ရွှေ့ပြောင်းနေထိုင်ခြင်းသည် မိမိ၏စိတ်သဘောဆန္ဒအလျှောက် ပြောင်းရွှေ့နေ ထိုင်ခြင်းကို ဆိုလိုသည်။ တရားဝင်ရွှေ့ပြောင်းခြင်းတွင် တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ခိုင်ခွင့် ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေအရ ကာကွယ်စောင့်ရှောက်မှုရခြင်း၊ လူမှုဖူလုံရေးနှင့် ကာကွယ်စောင့်ရှောက်မှု များရရှိခြင်း စသည်တို့ရပိုင်ခွင့်ရှိပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများသည် တရားမဝင် ဝင်ရောက်ခြင်း၊ တရားမဝင်နေထိုင်ခြင်း နှင့် တရားမဝင် […]

ကာကွယ်ရေး, သတင်းအချက်အလက်

လူကုန်ကူးခြင်း

https://rightsbeyondborder.org/wp-content/uploads/2024/06/14-1-212×300.jpg လူကုန်ကူးမှုဆိုသည်မှာလူစုဆောင်းရှာဖွေခြင်းနှင့်ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း တို့အားရည်ရွယ်ချက်ရှိရှိဖြင့် ပြုမူလုပ်ဆောင်ခြင်းဖြစ်သည်။ ဥပမာ အတင်းအကြပ် စည်းရုံးသိမ်းသွင်းခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ အကျပ်ကိုင်ခြင်း သို့မဟုတ် ဖျားယောင်း သွေးဆောင်ခြင်းတို့ဖြစ်သည်။ လူကုန်ကူးခံရသည့် အဓိကကျသောအကြောင်းအရင်း၃မျိုး လိင်ကွဲပြားမှုအပေါ်အခြေခံပြီးလူကုန်ကူးခံရခြင်း အတင်းအကျပ်အလုပ်ခိုင်းစေခံရခြင်း။ အကြွေးမဆပ်နိုင်သည့်အပေါ် ကျေးကျွန်အဖြစ် သိမ်းပိုက်ခိုင်းစေခြင်း။ နိုင်ငံတကာ ကိန်းဂဏန်းအချက်အလက်အရ လူကုန်ကူခံရသည့်သူများထဲတွင် ၇၁ ရာခိုင်နှုန်းသောသူများသည် အမျိုးသမီးနှင့် သက်ငယ်မိန်းကလေးများဖြစ်ကြသည်။ လူကုန်ကူးခံရသည့် အမျိုးသမီးနှင့် သက်ငယ်မိန်းကလေးများတွင် ၄ဦးအနက် မှ ၃ဦးသည် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ပြီး လူကုန်ကူးခံရသူများဖြစ်သည်။၂၀၁၈ခုနှစ်တွင် ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရသောအမှု စုစုပေါင်းမှာ ၂၂၆မှုရှိသည်။၎င်းလူကုန်ကူးခံရသူများထဲတွင် မှန်ချေ ၇၇ရာခိုင်နှုန်းသည် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်းနှင့် ၁၆ရာခိုင်နှုန်းသောသူများသည် အတင်းအကြပ် အလုပ်ခိုင်စေခံရသော အမှုများဖြစ်သည်။ လူကုန်ကူခံရခြင်း၏သွင်ပြင်လက္ခဏာများ ၁။ သင်၏လှုပ်ရှားသွားလာမှုအား ထိန်းချုပ်ခံရခြင်း (လွတ်လပ်စွာ လှုပ်ရှားသွားလာမှုအား တားမြစ်ပိတ်ပင်ခံရခြင်း) ၂။ […]

ကာကွယ်ရေး, စိတ်ပိုင်းဆိုင်ရာကျန်းမာရေး

စိတ်ပိုင်းဆိုင်ရာကပံ့ပိုးကူညီခြင်း

https://rightsbeyondborder.org/wp-content/uploads/2024/05/4-1-212×300.jpg စိတ်ဖိစီးမှုနှင့်စိတ်ဓာတ်ကျခြင်းတို့သည် ရွှေ့ပြောင်းနေထိုင်သူတိုင်းတွင် ဖြစ်ပွားလေ့ရှိနိုင်သည်။ ထိုပြသနာများအားသင်ကိုယ်တိုင်ဖြေရှင်းရန် သင်ယူခြင်းသည် ထိုသို့သောပြသနာများအား လျှော့ချစေရန် အထောက်အကူဖြစ်စေသည်။ စာဖတ်ခြင်း၊ လမ်းလျှောက်ခြင်း၊ တရားထိုင်ခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်းစသည့် အခြေခံလှုပ်ရှားမှုအချို့သည်လည်း စိတ်ဖိစီးမှုအချို့ကိုပြေလျှော့ စေပါသည်။ သို့သော် သင်သည် ကျွမ်းကျင်ပညာရှင်ထံမှ စိတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ဆွေးနွေးရန် လိုအပ်ပါက ကျေးဇူးပြု၍ ကျွန်ုပ်တို့အား ဆက်သွယ်ပါ။သင့်အား ကျွမ်းကျင်သူများနှင့် ချိတ်ဆက် ပေးရန် ကျွန်ုပ်တို့ကူညီနိုင်ပါသည်။ ၀ – ၅ မှတ် သင်သည်  စိတ်ဖိစီးမှုအလွန်နည်းသည့် အဆင့်တွင်ရှိသည်။ ၆ – ၁၇မှတ် သင်သည်  စိတ်ဖိစီးမှုပုံမှန် အဆင့်တွင်ရှိသည်။ ၁၈ – ၂၅မှတ် သင်သည်  စိတ်ဖိစီးမှုပုံမှန်ထက် အနည်းငယ်ပိုသည့် အဆင့်တွင်ရှိသည်။ သင့်တွင်ပြသနာအချို့ရှိနေပြီး ထိုပြသနာများအားမဖြေရှင်းနိုင်သေးသောကြောင့် ဖြစ်နိုင်သည်။ စိတ်ပိုင်းဆိုင်ရာနှင့် […]

ပို့စ်များ စာမျက်နှာခွဲခြင်း

ယခင် 1 2

နောက်ဆုံးဆောင်းပါးများ

  • VACANCY ANNOUNCEMENT
    ဩဂုတ် 31, 2026
  • ထိုင်း-မြန်မာ အလုပ်သမား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) နှင့် အလုပ်ခန့်အပ်ရေး သဘောတူညီချက် ပြင်ဆင်ချက်အား ထိုင်းအစိုးရအဖွဲ့ အတည်ပြု (အလွတ်သဘော ဘာသာပြန်ဆိုချက်)
    ဩဂုတ် 14, 2026
  • ဝန်ကြီးချုပ်ရုံး၏ ပြည်နှင်ဒဏ်ဆိုင်ရာ စည်းမျဉ်းမူကြမ်း (B.E. …..) အပေါ် မြန်မာဘာသာ Unofficial ဘာသာပြန်ဆိုချက်
    ဇူလိုင် 30, 2026
  • Unofficial Translation of the Draft Regulations of the Office of the Prime Minister on Deportation B.E. …..
    ဇူလိုင် 30, 2026

Rights Beyond Border

RBB is a registered non-profit organization based in Thailand supporting the rights of children on the move along the Thai/ Burma border. Registration number 5665.

Facebook-f Youtube
လမ်းညွှန်
  • အိမ်
  • Info Hub
  • Projects
  • ပုံနှိပ်စာအုပ်များ
  • ဆက်သွယ်ရန်
LATEST NEWS
  • VACANCY ANNOUNCEMENT
ဆက်သွယ်ရန်
  • info@rightsbeyondborder.org

© Rights Beyond Border 2026

Myanmar
English