https://rightsbeyondborder.org/wp-content/uploads/2024/06/16-1-212×300.jpg ရွှေ့ပြောင်းနေထိုင်ခြင်းဆိုသည်မှာ နိုင်ငံအတွင်းတွင်ဖြစ်စေ၊ နိုင်ငံရပ်ခြားသို့ဖြစ်စေ မိမိမူလနေထိုင်သောနေရာမှ အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ခြင်းကို ဆိုလိုသည်။ ရွှေ့ပြောင်းနေထိုင်ခြင်းတွင် ဖိအားပေးခံရ၍ ရွှေ့ပြောင်းနေထိုင်ရခြင်း နှင့် စိတ်ဆန္ဒအလျှောက် ရွှေ့ပြောင်းနေထိုင်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ ဖိအားပေးခံရ၍ ရွှေ့ပြောင်းနေထိုင်ခြင်းသည် နိုင်ငံအတွင်းအိုးမဲ့အိမ်မဲ့ဖြစ်နေသောသူများ (မိမိနိုင်ငံ သို့မဟုတ် နေရပ် အတွင်းဖြစ်နေသော ပဋိပက္ခများကြောင့် အိုးအိမ်မဲ့ရခြင်း၊အသက် အန္တရာယ်စိုးရိမ်ရခြင်း) တို့အပြင် သဘာဝဘေးအန္တရာယ် နျူကလိယဘေးအန္တရယ် သို့မဟုတ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန် ဆောင်ရွက်သောစီမံကိန်းများကြောင့် ရွှေ့ပြောင်းရခြင်း ကိုဆိုလိုခြင်းဖြစ်သည်။ စိတ်ဆန္ဒအလျှောက် ရွှေ့ပြောင်းနေထိုင်ခြင်းသည် မိမိ၏စိတ်သဘောဆန္ဒအလျှောက် ပြောင်းရွှေ့နေ ထိုင်ခြင်းကို ဆိုလိုသည်။ တရားဝင်ရွှေ့ပြောင်းခြင်းတွင် တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ခိုင်ခွင့် ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေအရ ကာကွယ်စောင့်ရှောက်မှုရခြင်း၊ လူမှုဖူလုံရေးနှင့် ကာကွယ်စောင့်ရှောက်မှု များရရှိခြင်း စသည်တို့ရပိုင်ခွင့်ရှိပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများသည် တရားမဝင် ဝင်ရောက်ခြင်း၊ တရားမဝင်နေထိုင်ခြင်း နှင့် တရားမဝင် […]
လူကုန်ကူးခြင်း
https://rightsbeyondborder.org/wp-content/uploads/2024/06/14-1-212×300.jpg လူကုန်ကူးမှုဆိုသည်မှာလူစုဆောင်းရှာဖွေခြင်းနှင့်ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း တို့အားရည်ရွယ်ချက်ရှိရှိဖြင့် ပြုမူလုပ်ဆောင်ခြင်းဖြစ်သည်။ ဥပမာ အတင်းအကြပ် စည်းရုံးသိမ်းသွင်းခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ အကျပ်ကိုင်ခြင်း သို့မဟုတ် ဖျားယောင်း သွေးဆောင်ခြင်းတို့ဖြစ်သည်။ လူကုန်ကူးခံရသည့် အဓိကကျသောအကြောင်းအရင်း၃မျိုး လိင်ကွဲပြားမှုအပေါ်အခြေခံပြီးလူကုန်ကူးခံရခြင်း အတင်းအကျပ်အလုပ်ခိုင်းစေခံရခြင်း။ အကြွေးမဆပ်နိုင်သည့်အပေါ် ကျေးကျွန်အဖြစ် သိမ်းပိုက်ခိုင်းစေခြင်း။ နိုင်ငံတကာ ကိန်းဂဏန်းအချက်အလက်အရ လူကုန်ကူခံရသည့်သူများထဲတွင် ၇၁ ရာခိုင်နှုန်းသောသူများသည် အမျိုးသမီးနှင့် သက်ငယ်မိန်းကလေးများဖြစ်ကြသည်။ လူကုန်ကူးခံရသည့် အမျိုးသမီးနှင့် သက်ငယ်မိန်းကလေးများတွင် ၄ဦးအနက် မှ ၃ဦးသည် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ပြီး လူကုန်ကူးခံရသူများဖြစ်သည်။၂၀၁၈ခုနှစ်တွင် ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရသောအမှု စုစုပေါင်းမှာ ၂၂၆မှုရှိသည်။၎င်းလူကုန်ကူးခံရသူများထဲတွင် မှန်ချေ ၇၇ရာခိုင်နှုန်းသည် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်းနှင့် ၁၆ရာခိုင်နှုန်းသောသူများသည် အတင်းအကြပ် အလုပ်ခိုင်စေခံရသော အမှုများဖြစ်သည်။ လူကုန်ကူခံရခြင်း၏သွင်ပြင်လက္ခဏာများ ၁။ သင်၏လှုပ်ရှားသွားလာမှုအား ထိန်းချုပ်ခံရခြင်း (လွတ်လပ်စွာ လှုပ်ရှားသွားလာမှုအား တားမြစ်ပိတ်ပင်ခံရခြင်း) ၂။ […]
ထိုင်းနိုင်ငံယာဥ်စည်းကမ်းဥပဒေ
https://rightsbeyondborder.org/wp-content/uploads/2024/06/13-1-212×300.jpg ထိုင်းနိုင်ငံ၌ ယာဥ်မောင်းနှင်ရာတွင် လမ်း၏ဘယ်ဘက်ခြမ်းမှာ မောင်းနှင်ရပါမည်။ ထိုင်းနိုင်ငံ၏ လမ်းစည်းကမ်းသည် အရှေ့တောင်အာရှရှိ အခြားနိုင်ငံများနှင့် ဆင်တူသည်။ ထိုင်းနိုင်ငံတွင် ယာဉ်မောင်းရန် တရားဝင် အသက် ကန့်သတ်ချက်မှာ အသက် ၁၈ နှစ် ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ယာဉ်မောင်းလိုင်စင်ရရှိလိုပါက ယာဉ်မောင်းများသည်ယာဉ်မောင်းလိုင်စင်မရရှိမီ ယာဉ်မောင်းကျောင်းတွင် သင်တန်းများ တက်ရောက်ရမည်ဖြစ်သည်။ မြန်နှုန်းကန့်သတ်ချက်များ မြို့တွင်းလမ်းများတွင် အမြန်နှုန်း ကန့်သတ်ချက်မှာ တစ်နာရီ ကီလိုမီတာ ၅၀ ဖြစ်သည်။ ကျေးလက်လမ်းများအတွက် တစ်နာရီ ကီလိုမီတာ ၉၀ နှုန်း သတ်မှတ်ထားသည်။ မော်တော်ဆိုင်ကယ်အသုံးပြုသူများအတွက်၊ အမြန်နှုန်းကန့်သတ်ချက်မှလွဲ၍ တစ်နာရီလျှင် ကီလိုမီတာ 120 သတ်မှတ်ထားသည်။ လမ်းစည်းကမ်းများသည် အချိန်မရွေး ပြောင်းလဲနိုင်သဖြင့် ထိုင်းနိုင်ငံရှိ လမ်းအမျိုးအစားအမျိုးမျိုးတွင် သတ်မှတ်ထားသည့် အမြန်နှုန်းကန့်သတ်ချက်များအား အချိန်နှင့် တပြေးညီ သိရှိရန် […]
အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်ဥပဒေ
https://rightsbeyondborder.org/wp-content/uploads/2024/06/12-3-212×300.jpg ဒုက္ခသည်ဆိုသည်မှာ စစ်ပွဲ၊ အကြမ်းဖက်ကျူးကျော်မှု၊ သဘာဝဘေးဒဏ်၊ နှိပ်စက်ညှဉ်းပန်းမှု သို့မဟုတ် အခြားသောခြိမ်းခြောက်မှု အခြေအနေများကြောင့် မိမိနေရပ်မှဘေးလွတ်ရာသို့ ထွက်ပြေးသွားသူများကိုဆိုလိုခြင်ဖြစ်သည်။ ဒုက္ခသည်ဟုသတ်မှတ်ရာတွင် ၎င်းတို့သည် ပုံမှန်နေထိုင်သည့် နိုင်ငံပြင်ပသို့ထွက်ပြေးတိမ်းရှောင်လာသူ ဖြစ်ရမည်။ အမိမြေသို့ပြန်လျှင် နှိပ်စက်ညှဉ်းပန်းမှုဖြစ်ရမည့်အန္တရာယ် ရှိသူ နေရပ်ပြန်ရန် ထိခိုက်နာကြင်စေသည့် အကြောက်တရား ရှိသူဖြစ်ရမည်ဖြစ်သည်။ မိမိနေရပ်တွင် မည်သည့်နေရာတွင်မှ နေထိုင်ရန် မလုံခြုံသူတစ်ဦး ဖြစ်ရန်လိုအပ်ပါသည်။ ၁၉၅၁ ကွန်ဗင်းရှင်း၏ အခြေခံအုတ်မြစ်သည် အပိုဒ်၃၃တွင်ပါရှိသော မကျေနပ်မှုဆိုင်ရာ နိယာမဖြစ်သည်။ ဤမူအရ၊ ဒုက္ခသည်တစ်ဦးသည် ၎င်းတို့၏ဘဝ သို့မဟုတ် လွတ်လပ်မှုကို ပြင်းထန်သောခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရသည့်အမိနိုင်ငံသို့ ပြန်လည်မပို့ဆောင်သင့်ပါ။ ၁၉၅၁ ကွန်ဗင်းရှင်းတွင် အခြားအခွင့်အရေးများလည်းပါဝင်သည်။ အချို့သော၊ တင်းကြပ်စွာသတ်မှတ်ထားသောအခြေအနေများမှလွဲ၍ အမိမြေသို့ပြန်မပို့ရအခွင့်အရေး (ပုဒ်မ ၃၂)၊ နိုင်ငံတစ်နိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်းသို့ တရားမဝင်ဝင်ရောက်မှုကြောင့် အပြစ်ပေးခံရခြင်းမပြုရ အခွင့်အရေး […]
ထိုင်းရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကဒ်
https://rightsbeyondborder.org/wp-content/uploads/2024/06/11-1-212×300.jpg ထိုင်းရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကဒ် (ပန်းရောင်ကဒ်နှင့် CI ကဒ်) ပန်းရောင်ကဒ်သည် ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာတဲ့နိုင်ငံခြားသားများအတွက် ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ပါသည်။ တရားဝင် ဝင်ရောက်လာတဲ့သူများသည် အချိန်မရွေးလျှောက်လို့ရပြီး ကဒ်သတ်တမ်းသည် ၁၀နှစ်ရှိပါသည်။ တရားမဝင် ဝင်ရောက်လာသူများတွင်မူ ထိုင်းအစိုးရမှ တရားဝင် ဖွင့်ပေးတဲ့အချိန်ကာလတွင်သာလုပ်လို့ရမည်ဖြစ်သည်။ ပန်းရောင်ကဒ်သည် Work Permit ရှိမှလုပ်လို့ရပြီး Work Permit သည်အလုပ်သမားကဒ်ဖြစ်ပါတယ်။ ထိုအလုပ်သမားကဒ်သည် ၁နှစ် သို့မဟုတ် ၂နှစ်သာ သက်တမ်းရှိပြီး သူဌေးအာမခံပေးရန်လိုအပ်ပါသည်။ ပန်းရောင်ကဒ်သည် ထိုင်နိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသောသူများ နှင့် ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်ဖြစ်အောင်ထိုင်းအစိုးရက ထုတ်ပေးသည့်သက်သေခံ ကဒ်ဖြစ်ပါသည်။ ပန်းရောင်ကဒ်လုပ်လျှင် Thai ID Number, Work Permit, House Registration Book, Marriage Certificate တို့လိုအပ်ပါသည်။ […]
အမျိုးသား စီစစ်ရေး ယန္တရား (NSM)
https://rightsbeyondborder.org/wp-content/uploads/2024/06/10-1-212×300.jpg အမျိုးသားစီစစ်ရေးယန္တရား သို့မဟုတ် NSM သည် တရားမဝင် နိုင်ငံခြားသားများ (လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ အရ) နှင့် ဒုက္ခသည်များ (အကာအကွယ်ပေးထားသော လူများ) တို့အကြား ခွဲခြားရန် ယန္တရားတစ်ခု ဖြစ်သည်။ NSM ၏ ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံတွင် တရားမဝင်ဝင်ရောက်လာသူများနှင့် နေရပ်သို့ မပြန်နိုင်သည့် အကာအကွယ် လိုအပ်နေသူများကို အကာအကွယ်ရရှိစေရန်ဖြစ်သည်။ NSM သို့ လျှောက်ထားနိုင်သူများမှာ ထိုင်းနိုင်ငံသားမဟုတ်သောသူ မူလနိုင်ငံသို့ မပြန်လိုသောသူ ပြည်ထဲရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ယန္တရား သို့မဟုတ် လုပ်ထုံးလုပ်နည်းအရ မည်သည့်အဖွဲ့နှင့်မျှ မသက်ဆိုင်သူဖြစ်ရမည်။ တတိယနိုင်ငံသို့သွားခွင့်ရရှိသူများနှင့် မြန်မာနိုင်ငံ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားဖြစ်ခြင်းမရှိသူဖြစ်ရမည်။ NSM ၏ စံသတ်မှတ်ချက် NSM လက်အောက်ရှိ “အကာအကွယ်ပေးထားသော ပုဂ္ဂိုလ်” သည် မည်သူနည်း။ […]
ပြစ်မှုဆိုင်ရာရာဥပဒေ
https://rightsbeyondborder.org/wp-content/uploads/2024/06/9-2-212×300.jpg ရာဇဝတ်ကျင့်ထုံးဥပဒေတွင် အပိုင်း၃ပိုင်းခွဲထားသည်။ ၁။ အထွေထွေပြဌာန်းချက်များ ၂။ အပြစ် ၃။ ရာဇဝတ်မှု ပြစ်မှုအမျိုးအစားများ ၁။ အများသူဌာ အန္တာရာယ်ဖြစ်စေသော ပြစ်မှုများ။ ၂။ စာရွက်စာတမ်းနှင့်ပတ်သက်သောပြစ်မှုများ။ ၃။ အိလက်ထရောနစ်ပြစ်မှုများ။ ၄။ နိုင်ငံကူလက်မှတ်နှင့်ပတ်သက်သော ပြစ်မှုများ။ ၅။ လိင်ပိုင်းဆိုင်ရာပြစ်မှုများ။ ၆။ အသက်အန္တာရာယ်ဖြစ်စေသော ပြစ်မှုများ။ ၇။ ကိုယ်ခန္ဓာထိခိုက် အန္တာရယ်ဖြစ်စေသော ပြစ်မှုများ။ ၈။ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအားစွန့်ပြစ်ခြင်း ပြစ်မှုများ။ ၉။ လွတ်လပ်မှုကို ဆန့်ကျင်သောပြစ်မှုများ။ ၁၀။ခိုးမှုနှင့် အလွဲသုံးစားမှုပြစ်မှုများ။ ၁၁။ ငွေညှစ်ခြင်း နှင့် လုယက်မှုများ။ ၁၂။ လိမ်လည်မှုများ။ ၁၃။ အလွဲသုံးစားပြုမှုများ။ ၁၄။ ခိုးယူလာသောပစ္စည်းများအား လက်ခံထားသောပြစ်မှု။ ၁၅။ ပစ္စည်းဥစ္စာဆုံးရှုံးစေခြင်းပြစ်မှုများ။ ပုဒ်မ ၁၈ မှ […]
Anti – Torture Act
https://rightsbeyondborder.org/wp-content/uploads/2024/06/7-1-212×300.jpg ညှင်းပန်းနှိပ်စက်မှု နှင့် အဓမ္မပျောက်ဆုံးစေမှုများ တားဆီးနှိမ်နှင်းရေး အက်ဥပဒေ B.E ၂၅၆၅ ပုဒ်မ(၃) – ဤဥပဒေတွင်ပါဝင်သော “ခံရသူ (Victim)” ဆိုသည်မှာ ညှင်းပန်းနှိပ်စက်မှု သို့မဟုတ် ရက်စက်ကြမ်းကြုတ်မှုများကြောင့် အသက်၊ ခန္ဓာ နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာရသူများ၊ အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခြင်းခံရသော မိသားစုဝင်များ၊ ဆွေမျိုးမွေးချင်းများ၊ အိမ်ထောက်ဖက်များနှင့် လက်ထပ်မှတ်ပုံမတင်ထားသော ဘဝလက်တွဲဖော်များ၊ ထိုသို့ ထိန်းသိမ်းခံထားရရာမှ ပျောက်ဆုံးသွားရသူများ ကိုဆိုလိုသည်။ “ပြည်သူ့အရာရှိဝန်ထမ်း (Public Official)” ဆိုသည်မှာ နိုင်ငံတော်အာဏာပိုင်များမှ ပေးအပ်ထားသော တရားဝင် တာဝန်များကို တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ ဖြစ်စေ ထမ်းဆောင်နေကြသော၊ နိုင်ငံတော်အာဏာဖြင့် တာဝန်ပေးအပ်ထားပြီး ထိုတာဝန်များကို ထမ်းဆောင်ရန် ခန့်အပ်ထားသည့် လေ့ကျင့်ထားသော လူများကို ဆိုလိုသည်။ “ကော်မတီ (Committee)” ဆိုသည်မှာ […]
ထိုင်းအလုပ်သမားဥပဒေ
https://rightsbeyondborder.org/wp-content/uploads/2024/05/6-2-212×300.jpg အလုပ်ချိန်များနှင့်ခွင့်ရက်များ အလုပ်သမားများ၏ အလုပ်လုပ်နိုင်သော အလုပ်ချိန်ကို အများဆုံး တစ်ရက်လျှင် ၈ နာရီ နှင့် တစ်ပတ်လျှင် ၄၈ နာရီ သတ်မှတ်ထားသည်။ အချို့သော အလုပ်အမျိုးအစားများတွင် အလုပ်ရှင်နှင့် အလုပ်သမားသည် အလုပ်ချိန်ကို ညှိနှိုင်၍ သဘောတူသော်လည်း မည်သို့သော အကြောင်းအရာတွင်မဆို အလုပ်ချိန်သည် တစ်ပတ်လျှင် ၄၈ နာရီထက် မပိုစေရပါ။ ဥပဒေအရ ပြဋ္ဌာန်းထားသည့်အတိုင်း ကျန်းမာရေး သို့မဟုတ် ကိုယ်ရေးကိုယ်တာလုံခြုံမှုအတွက် ထိခိုက်စေသည်ဟု ယူဆရသည့် လုပ်ငန်းအဖွဲ့အစည်းများတွင် အလုပ်ချိန်သည် တစ်ရက်လျှင် ၇ နာရီနှင့် တစ်ပတ်လျှင် ၄၂ နာရီထက်မကျော်ရပါ။ အလုပ် သမား အားလုံးသည် တစ်ရက်လျှင် ၄ နာရီ ဆက်တိုက် အလုပ်လုပ် ပြီးပါက အနည်းဆုံး၁နာရီ အနားယူပိုင်ခွင့်ရှိသည်။ အချိန်ပိုဆင်းသည့်အချိန်မျိုးတွင် […]
လူဝင်မှုကြီးကြပ်ရေးဥပဒေ B.E. 2522 (1979)
https://rightsbeyondborder.org/wp-content/uploads/2024/05/5-1-212×300.jpg လူဝင်မှုကြီးကြပ်ရေးဥပဒေ B.E. 2522 (1979) တွင် အထောက်အထားစာရွက်စာတမ်းမရှိသော နိုင်ငံခြားသားများ (ဆိုလိုသည်မှာ တရားဝင်ပတ်စပို့နှင့် ဗီဇာ) ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းမှ တားမြစ်ထားသည်။ ထို့ကြောင့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူ အများအပြားသည် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းနှင့် နေရပ်ပြန်ခြင်းတို့ ကြုံတွေ့ရနိုင်သည်။ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ တရားစွဲဆိုမှုများမှာ တရားမ၀င်ဝင်ရောက်မှုနှင့် တရားမဝင်နေထိုင်ခြင်း ( overstay အပါအဝင်) ဥပဒေအရ ပြစ်ဒဏ်မှာ ၂ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဘတ် ၂၀,၀၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။ မူလနိုင်ငံ သို့မဟုတ် တတိယနိုင်ငံ သို့ထွက်ခွာရန် စောင့်ဆိုင်းနေစဉ် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစင်တာ (IDC) တွင် ထိန်းသိမ်းထားခြင်းခံရမည်ဖြစ်သည်။ အကယ်၍ သင့်တွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် အခြားတရားဝင်စာရွက်စာတမ်းမရှိလျှင် […]










