Myanmar Response Program

Myanmar Response Program သည် များစွာသော ပူးပေါင်းဆောင်ရွက်မှုများဖြင့် မြန်မာနိုင်ငံမှ အသစ်ရောက်ရှိလာသူများအတွက် စည်းရုံးရေး၊ ကာကွယ်ရေးနှင့် ခံနိုင်ရည်တိုးမြှင့်ရေးကဏ္ဍ လုပ်ဆောင်ပါသည်။ ဤပရောဂျက်တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဆိုင်ရာ လူငယ်တက်ကြွလှုပ်ရှားသူများနှင့် CSO များ၏ စွမ်းဆောင်ရည်ကို တည်ဆောက်ပေးကာ မူဝါဒဆိုင်ရာ စည်းရုံးလှုံ့ဆော်မှု တိုးတက်စေရန် နိုင်ငံအဆင့်နှင့် နယ်မြေအတွင်းရှိ ကွန်ယက်များကို ပံ့ပိုးပေးကာ ပူးပေါင်းစည်းရုံးရေးပွဲများအတွက် ပလက်ဖောင်းများ ဖန်တီးပေးသည်။ မဲဆောက်ရှိ နယ်မြေအတွင်းရှိ ကြိုးပမ်းအားထုတ်မှုများကို ဘန်ကောက်ရှိ နိုင်ငံအဆင့် စည်းရုံးလှုံ့ဆော်မှုများနှင့် ချိတ်ဆက်ခြင်းဖြင့်၊ ပရောဂျက်သည် ပိုမိုခိုင်မာသော ကာကွယ်ရေးယန္တရားများ၊ မူဝါဒများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ထိုင်းနိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းများ ပိုမိုပါဝင်လာစေနိုင်ရေးအား ပံ့ပိုးပေးပါသည်။ ပရောဂျက်သည် သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုများကို အသစ်ရောက်ရှိလာသူများမှ တိကျပြီး ယုံကြည်စိတ်ချရသော အချက်အလက်နှင့် နောက်ဆုံရ အရင်းအမြစ်များကို ဝင်ရောက်လေ့လာကြည့်ရှုနိုင်ရန်  Information Hub (I-Hub) မှတစ်ဆင့် ရရှိစေရေးအတွက်လဲ ထပ်မံချဲ့ထွင်ခဲ့ပါသည်။

ပရောဂျက်လုပ်ဆောင်ချက်များ

ပရောဂျက်သည် မြန်မာနိုင်ငံမှ အသစ်ရောက်ရှိလာသူများအတွက် စည်းရုံးလှုံ့ဆော်ရေး၊ ကာကွယ်ရေးနှင့် ခံနိုင်ရည်မြင့်မားရေးများအတွက် ယခင်အောင်မြင်မှုများအပေါ် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဦးစွာ၊ ၎င်းသည် လူငယ်တက်ကြွလှုပ်ရှားသူများနှင့် CSO များအတွက် စွမ်းရည်ကို မြှင့်တင်ပေးခြင်းဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဆိုင်ရာ အသိပညာနှင့် လက်တွေ့ကျသော စည်းရုံးရေးစွမ်းရည်များ မြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ပေးပါသည်။ ထို့အပြင်နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ယန္တရားများနှင့် ထိတွေ့ဆက်ဆံနိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးရုံသာမက အရပ်ဘက်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုကိုလည်း မြှင့်တင်ပေးပါသည်။

နိုင်ငံတော်အဆင့်တွင် မူဝါဒရေးရာနှင့် ကာကွယ်ရေးအတွက် ပလက်ဖောင်းတစ်ခုအဖြစ် Myanmar Respond Network (MRN) ကို ပံ့ပိုးပေးပါသည်။ နယ်မြေအတွင်းရှိ အခြေနေများ၊ အဖြစ်မှန်များကို ဆုံးဖြတ်ချက်ချမှတ်သူများအကြား ချိတ်ဆက်ခြင်းဖြင့် MRN သည် တရားဥပဒေနှင့် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လွှမ်းမိုးရန်၊ ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန်နှင့် ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများအတွက် အခွင့်အရေးများကို အသိအမှတ်ပြုမှုရရှိစေရေးတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ထိုလုပ်ဆောင်ချက်များ ဖြည့်စွက်ခြင်းဖြင့် မဲဆောက်ရှိ ဒေသတွင်း ကွန်ရက်အစည်းအဝေးများမှတဆင့် တုံ့ပြန်မှုများကို ပေါင်းစပ်ညှိနှိုင်းရေး၊ အရင်းအမြစ်များကို စုစည်းနိုင်ရေး ဒေသတွင်း အတွေ့အကြုံများကို စည်းရုံးရေးနှင့် ချိတ်ဆက်ဆောက်ရွက်နိုင်ရေးများ ပိုမိုထိရောက်ပြီး အားလုံးပါဝင်နိုင်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်စေရန်အတွက် ထိုင်းနှင့် မြန်မာ ဦးဆောင်သော အဖွဲ့အစည်းများကို စုစည်းပေးပါသည်။

နယ်မြေအတွင်းရှိ အသံများကို ပိုမိုချဲ့ထွင်နိုင်ရန်၊ ပရောဂှက်သည် လူငယ်တက်ကြွလှုပ်ရှားသူများနှင့် CSO များ ဦးဆောင်သည့် ပူးတွဲစည်းရုံးရေးပွဲများကို စီစဉ်ပေးပါသည်။ ဤပွဲများသည် အသစ်ရောက်ရှိလာသူများ၏ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို သတိပြုမိစေရန်၊ ဖြေရှင်းချက်များကို မြှင့်တင်ရန်နှင့် သက်ဆိုင်သူများအကြား ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်သည်။ နောက်ဆုံးတွင်၊ ပရောဂျက်သည် ကာကွယ်ရေး၊ တရားဥပဒေဆိုင်ရာ အခွင့်အရေးများ၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများနှင့် ပညာရေးဆိုင်ရာ တိကျသောအရင်းအမြစ်များကို ပံ့ပိုးပေးသည့် ဝဘ်အခြေခံပလပ်ဖောင်းဖြစ်သော I-Hub မှတဆင့် သတင်းအချက်အလက်ရရှိမှုကို ဖော်ဆောင်ပေးသည်။ အချိန်နှင့်တစ်ပြေးညီ အပ်ဒိတ်များနှင့် လွှဲပြောင်းမှုဆိုင်ရာ ပံ့ပိုးကူညီမှုများ၊ စိန်ခေါ်မှုများအတွက် လမ်းညွှန်ရန်နှင့် ခံနိုင်ရည်မြှင့်တင်ရေးများ တည်ဆောက်နေစဉ် ဒေသအတွင်းရှိ ဝန်ဆောင်မှုများကိုရယူရန် အသစ်ရောက်ရှိလာသူများအား သတင်းအချက်ရယူနိုင်ရေးအား ပံ့ပိုးပေးသည်။