မဒီနဟ်ရွှေ့ပြောင်းလုပ်သားကျန်းမာရေးဌာန - Madinah Community Health Center
ရွှေ့ပြောင်းလုပ်သား ကျန်းမာရေးမြှင့်တင်ရေးလုပ်ငန်း
ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် နယ်စပ်ပြည်သူ့ကျန်းမာရေးဌာန
မဲဆောက်ဆေးရုံ
တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၏ အခြေအနေ
မဲဆောက်မြို့နယ်သည် မြို့ပြဧရိယာအတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူများ အထူအထပ်နေထိုင်သည့် နေရာတစ်ခုဖြစ်သည်။ ဒေသအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့်အတူ ၎င်းတို့၏ မိသားစုဝင်များဖြစ်သော ကလေးများ၊ အိမ်းထောင်ပြုနိုင်သည့်အသက်အရွယ်ရှိ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများလည်း နေထိုင်လျက်ရှိသည်။ ရွှေ့ပြောင်းနေထိုင်သူများ အထူအထပ် စုစည်းနေထိုင်သော ရပ်ရွာစုစုပေါင်း ၁၄ ခုရှိပြီး ထိုင်းလူမျိုးများနှင့်အတူ ရောနှောနေထိုင်လျက်ရှိသည်။
ဤအုပ်စုများတွင် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမမီခြင်းသည် အရေးကြီးသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် နယ်စပ်ဖြတ်ကျော်ကူးစက်ရောဂါများနှင့် ကာကွယ်ဆေးဖြင့် တားဆီးနိုင်သော ရောဂါများကို ကာကွယ်ထိန်းချုပ်ရန်အပြင် မိခင်နှင့်ကလေးကျန်းမာရေးကို မြှင့်တင်ရန် ကျန်းမာရေးဝန်ဆောင်မှုများ ပံ့ပိုးပေးလျက်ရှိသည်။ အဆိုပါလုပ်ငန်းများကို မဲဆောက်ဆေးရုံ၏ နယ်စပ်ကျန်းမာရေးမူဝါဒနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
လုပ်ငန်းလမ်းပြမြေပုံ
အခြေခံကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီနိုင်မှုကို မြှင့်တင်ရန်နှင့် ရွှေ့ပြောင်းနေထိုင်သူများ၏ သင်ကြားရေးစင်တာများကို ကျန်းမာရေးမြှင့်တင်ရေးကျောင်းများအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန်။
ရွှေ့ပြောင်းနေထိုင်သူများ ကျန်းမာရေးစင်တာ (Heath Psot) (သို့) မဒီနဟ်ရွှေ့ပြောင်းလုပ်သားကျန်းမာရေးဌာန Madinah Community Health Center
ရွှေ့ပြောင်းနေထိုင်သူများ ကျန်းမာရေးစင်တာကို ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူများအတွက် ကျန်းမာရေးမြှင့်တင်ရေးဝန်ဆောင်မှုများ ပိုမိုလက်လှမ်းမီစေရန်၊ နယ်စပ်ဖြတ်ကျော်ကူးစက်ရောဂါများ ပြန့်ပွားမှုကို ကာကွယ်ရန်နှင့် ဆေးရုံများတွင် လူနာများ ထူထပ်မှုကို လျှော့ချရန် ရည်ရွယ်ထားသည်။ အစိုးရဌာနများ၊ ရပ်ရွာလူထုများနှင့် NGO များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အဆင်ပြေချောမွေ့၍ လူနာဗဟိုပြုသော ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိသည်။ ဝန်ဆောင်မှုများကို မဲဆောက်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် ရွှေ့ပြောင်းနေထိုင်သူများ၏ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးသည်။
မဒီနဟ်ရွှေ့ပြောင်းလုပ်သားကျန်းမာရေးဌာန - Madinah Community Health Center
Madinah Community Health Center ကို ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကျန်းမာရေးမြှင့်တင်ရေးဝန်ဆောင်မှုများ ပိုမိုလက်လှမ်းမီစေရန်၊ နယ်စပ်ဖြတ်ကျော်ကူးစက်ရောဂါများ ပြန့်ပွားမှုကို တားဆီးရန်နှင့် ဆေးရုံများတွင် လူနာများ ထူထပ်မှုကို လျှော့ချရန် ရည်ရွယ်ထားသည်။
ဝန်ဆောင်မှုများမှာ -
- အထွေထွေကုသရေးဝန်ဆောင်မှု
- အသက် ၀ မှ ၄ နှစ်အရွယ် ကလေးများအတွက် ကာကွယ်ဆေးထိုးနှံရေးဝန်ဆောင်မှု
- ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်ရေးဝန်ဆောင်မှု
- မိသားစုစီမံကိန်းဝန်ဆောင်မှု
- ရွှေ့ပြောင်းနေထိုင်သူများ ရပ်ရွာညှိနှိုင်းရေးစင်တာ
အရောက်သွား ကျန်းမာရေးမြှင့်တင်ရေး ဝန်ဆောင်မှု (MOBILE SERVICES)
ြောင်းနေထိုင်သူများ ရပ်ရွာများအတွင်း ကျန်းမာရေးမြှင့်တင်ရေးနှင့် ကာကွယ်ဆေးထိုးနှံရေးဝန်ဆောင်မှုများကို Mobile Service Van ဖြင့် အရောက်ဝန်ဆောင်မှုပေးလျက်ရှိသည်။
ရွှေ့ပြောင်းနေထိုင်သူများ ဆေးဝါးရန်ပုံငွေ
ရွှေ့ပြောင်းနေထိုင်သူများ ဆေးဝါးရန်ပုံငွေကို ရွှေ့ပြောင်းနေထိုင်သူများ၏ ကျန်းမာရေးစေတနာ့ဝန်ထမ်းများက ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၏ ကြီးကြပ်မှုအောက်တွင် စီမံဆောင်ရွက်လျက်ရှိသည်။
ရွှေ့ပြောင်းနေထိုင်သူကျန်းမာရေးစေတနာ့ဝန်ထမ်းများ
ရွှေ့ပြောင်းနေထိုင်သူများ၏ ကျန်းမာရေးစေတနာ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဖြင့် ရွှေ့ပြောင်းနေထိုင်သူများ ရပ်ရွာများအားလုံးကို လွှမ်းခြုံနိုင်စေပြီး ရပ်ရွာအခြေပြု ကျန်းမာရေးကွန်ရက်များကို အားကောင်းစေသည်။
ကျန်းမာရေးမြှင့်တင်ရေး ရွှေ့ပြောင်းသင်ကြားရေးစင်တာများ
ရွှေ့ပြောင်းသင်ကြားရေးစင်တာများကို ကျန်းမာရေးမြှင့်တင်ရေးကျောင်း စံနှုန်းများနှင့် ကိုက်ညီစေရန် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။
ရွှေ့ပြောင်းနေထိုင်သူများ ကျန်းမာရေးကွန်ရက်၏ ရလဒ်များ
- ဝန်ဆောင်မှုပေးသည့် ဧရိယာအတွင်း ရွှေ့ပြောင်းနေထိုင်သူ ကလေးများတွင် ဆုံဆို့နာ၊ မေးခိုင်ရောဂါနှင့် ပိုလီယိုရောဂါ ဖြစ်ပွားမှုနှုန်း သုညဖြစ်သည်။
- ရွှေ့ပြောင်းနေထိုင်သူများ၏ ကျန်းမာရေးစေတနာ့ဝန်ထမ်းများသည် ရွှေ့ပြောင်းရပ်ရွာ ၁၄ ခုလုံးကို လွှမ်းခြုံဆောင်ရွက်နိုင်ခဲ့သည်။
- ထူးချွန်သော ရွှေ့ပြောင်းနေထိုင်သူများ၏ ကျန်းမာရေးစေတနာ့ဝန်ထမ်းများကို အသိအမှတ်ပြုခဲ့သည်။
- တီဘီရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် အထူးကျွမ်းကျင်သော ရွှေ့ပြောင်းနေထိုင်သူများ၏ ကျန်းမာရေးစေတနာ့ဝန်ထမ်းများကို မွေးထုတ်နိုင်ခဲ့သည်။
- ရွှေ့ပြောင်းနေထိုင်သူများ၏ ကျန်းမာရေးစေတနာ့ဝန်ထမ်းများသည် COVID-19 တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
- စေတနာ့ဝန်ထမ်းများသည် ရွှေ့ပြောင်းနေထိုင်သူများ ကျန်းမာရေးစင်တာတွင် ဝန်ဆောင်မှုပေးလျက်ရှိသည်။
- ရွှေ့ပြောင်းသင်ကြားရေးစင်တာတိုင်းတွင် ကျောင်းကျန်းမာရေးဆရာ/ဆရာမများနှင့် ကျောင်းသားခေါင်းဆောင်များ ရှိသည်။
- ရွှေ့ပြောင်းသင်ကြားရေးစင်တာများတွင် ကာကွယ်ဆေးဖြင့် တားဆီးနိုင်သော ရောဂါများ မတွေ့ရှိရပါ။
- ရွှေ့ပြောင်းသင်ကြားရေးစင်တာများအားလုံးတွင် ခြင်လောင်းပေါက်ပွားမှု မတွေ့ရှိရပါ။
- ရွှေ့ပြောင်းသင်ကြားရေးစင်တာများအားလုံးကို Teacher Focus အကဲဖြတ်မှုမှတစ်ဆင့် ကျန်းမာရေးမြှင့်တင်ရေးကျောင်းများအဖြစ် အသိအမှတ်ပြုထားသည်။
Facebook Page: https://www.facebook.com/profile.php?id=100029971883921&locale=th_TH

