📣 ထိုင်းဘာသာစကား အခြေခံသင်တန်း ဖွင့်လှစ်ကြောင်း ကြော်ငြာခြင်း
ထိုင်းဘာသာစကားကို အခြေခံမှစ၍ စနစ်တကျ သင်ယူလိုသူများအတွက် Tak Community College (TCC) မှ အရည်အသွေးမြင့် Onsite (In-person) ထိုင်းဘာသာသင်တန်း ကို ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။
ဤသင်တန်းသည် စတင်လေ့လာသူများအတွက် အထူးသင့်လျော်သော သင်ကြားရေးအစီအစဉ် ဖြစ်ပြီး နေ့စဉ်အသုံးပြုနိုင်သည့်စကားပြော၊စွမ်းရည်များတက်မြောက်နိုင်ရန်အလေးထားသင်ကြားပေးသွားမည် ဖြစ်ပါသည်။
🗓 သင်တန်းကာလ
📅 ၂၃ မတ် ၂၀၂၆ မှ ၂ မေ ၂၀၂၆ အထိ
⏳ စုစုပေါင်း နာရီ ၆၀ (ရက်ပေါင်း ၂၀)
⏰ သင်ကြားမည့်အချိန်
တစ်ပတ်လျှင် ၄ ရက် — တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နှင့် စနေနေ့
👥 လက်ခံမည့်အရေအတွက်
တစ်တန်းလျှင် ၄၀ ဦးသာ ကန့်သတ်လက်ခံမည်ဖြစ်ပါသည်။
📚 သင်တန်းဖွဲ့စည်းပုံ
သင်တန်းကို အဆင့် (၃) ဆင့် ဖြင့် စနစ်တကျ ဖွဲ့စည်းထားပြီး သင်တန်းသား/သူများအနေဖြင့် သင်တန်းပြီးဆုံးသည်အထိ ဆက်တိုက် တက်ရောက်နိုင်ရန် လိုအပ်ပါသည်။
🏅 သင်တန်းအောင်မြင်မှု လက်မှတ်
အချိန်ပြည့်မှီကန်စွာ ပါဝင်တက်ရောက်သူများအား Tak Community College မှ အသိအမှတ်ပြု လက်မှတ် ချီးမြှင့်သွားမည် ဖြစ်ပါသည်။
📝 စာရင်းပေးသွင်းရန်
သင်တန်းအချိန်နှင့် စည်းကမ်းချက်များကို သဘောတူလက်ခံပြီး သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်ပါကစာရင်းပေးသွင်းနိုင်ပါသည်။
(ဖြည့်သွင်းထားသော ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းထားမည် ဖြစ်ပြီး TCC သို့သာ မျှဝေမည် ဖြစ်ပါသည်။)
⚠️ မှတ်ချက်
TCC သို့ လာရောက်တက်ရောက်စဉ်ကာလအတွင်း မိမိ၏ လုံခြုံရေးကို မိမိတာဝန်ယူရမည် ဖြစ်ပါသည်။
