Skip to content
Rights Beyond Border Logo
  • Home
  • About
  • Projects
    • Advance Project: Migrant Education
    • Advancing Empowerment of Refugee Children
    • Myanmar Response Program
  • Publications
  • iHub
    • သတင်းအချက်အလက်
    • ဥပဒေ / မူဝါဒ
    • ကာကွယ်ရေး
    • ပညာရေး
    • စိတ်ပိုင်းဆိုင်ရာကျန်းမာရေး
    • Information
    • Law/Policy
    • Protection
    • Education
    • Mental Health
  • Contact
INFO HUB

စိတ်ပိုင်းဆိုင်ရာကျန်းမာရေး

  • Home
  • Blog
  • စိတ်ပိုင်းဆိုင်ရာကျန်းမာရေး
Children, Mental Health, စိတ်ပိုင်းဆိုင်ရာကျန်းမာရေး

ကလေးများ၏ အသက်အရွယ်အလိုက် စိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်မှုကို နားလည်ခြင်း

စိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်မှုသည် ကလေးတစ်ဦး၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် ကျန်းမာပျော်ရွှင်မှုအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်းမှာ မိမိ၏ စိတ်ခံစားချက်များကို နားလည်နိုင်ခြင်း၊ ဖော်ပြနိုင်ခြင်းနှင့် ထိန်းညှိနိုင်ခြင်း စွမ်းရည်ကို ဆိုလိုသည်။ မွေးဖွားချိန်မှစ၍ ကလေးများသည် စိတ်ခံစားမှုကို စတင်ခံစားနိုင်ပြီး အခြားသူများနှင့် စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုများ တည်ဆောက်လာကြသည်။ ဤဖွံ့ဖြိုးတိုးတက်မှုသည် ကလေးဘဝမှ လူငယ်အရွယ်အထိ ဆက်လက်တိုးတက်နေပြီး လူမှုဆက်ဆံရေးတည်ဆောက်နိုင်မှု၊ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မှုနှင့် ခံနိုင်ရည် (resilience) တိုးတက်စေသည်။ စိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်မှုတွင် မိမိနှင့် အခြားသူများ၏ စိတ်ခံစားချက်များကို ခွဲခြားသိရှိနိုင်ခြင်း၊ အဘယ်ကြောင့် ထိုစိတ်ခံစားချက်များ ဖြစ်ပေါ်လာသည်ကို နားလည်ခြင်း၊ သနားကြင်နာမှု (empathy) နှင့် ကရုဏာစိတ် ဖွံ့ဖြိုးလာခြင်း၊ စိတ်ခံစားချက်များကို ကျန်းမာစွာ ထိန်းချုပ်နိုင်ခြင်းတို့ ပါဝင်သည်။ ဤစွမ်းရည်များသည် လူမှုဆက်ဆံရေးကောင်းမွန်မှု၊ ပညာရေးအောင်မြင်မှုနှင့် စိတ်ကျန်းမာရေးကောင်းမွန်မှုတို့ကို ထောက်ပံ့ပေးသည်။ […]

စိတ်ပိုင်းဆိုင်ရာကျန်းမာရေး, သတင်းအချက်အလက်

စိတ်ကျန်းမာရေးဇုန်များကို နားလည်ခြင်း

စိတ်ကျန်းမာရေးဇုန်များကို နားလည်ခြင်း စိတ်ကျန်းမာရေးသည် တည်ငြိမ်နေသည့်အရာမဟုတ်ပေ။  စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသည် စိတ်ဖိစီးမှု၊ ဘဝဖြစ်ရပ်များနှင့်  မိမိကိုယ်ကို မည်မျှဂရုစိုက်မှုအပေါ် မူတည်၍ ပြောင်းလဲသွားပါသည်။ ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပိုမိုကောင်းမွန်စွာနားလည်နိုင်ရန် ဇုန်သုံးခုဖြစ်သည့် မီးခိုးရောင်ဇုန်၊ အစိမ်းရောင်ဇုန် နှင့် အနီရောင်ဇုန် တို့ဖြင့်ခွဲခြား သိရှိနိုင်သည်။ မိမိရောက်ရှိနေသည့် ဇုန်အားမိမိကိုယ်တိုင် သိရှိ အသိအမှတ်ပြုခြင်းဖြင့် မိမိကျန်းမာရေးအတွက် မှန်ကန်သည့်ခြေလှမ်းများ လှမ်းနိုင်ရန် ခွန်အားအကူအညီဖြစ်စေပါသည်။ အစိမ်းရောင်ဇုန် အစိမ်းရောင်ဇုန်သည် စိတ်ကျန်းမာရေး၏ အကောင်းဆုံးအခြေအနေဖြစ်သည်။ ဤဇုန်တွင် သင်သည် ဟန်ချက်ညီညီ၊ စိတ်ပိုင်းဆိုင်ရာ ထိန်းညှိမှုကို ခံစားရပြီး နေ့စဉ် စိတ်ဖိစီးမှုများကို ထိရောက်စွာ ကိုင်တွယ်နိုင်မည်ဖြစ်သည်။ စိတ်တည်ငြိမ်ခြင်း၊ စိတ်ကြည်လင်ခြင်း၊ စိတ်အားထက်သန်ခြင်း စိတ်အားထက်သန်ခြင်းနှင့် အာရုံစူးစိုက်နိုင်စွမ်းစသည့်ဖြင့် အပေါင်းလက္ခာဏာဆောင်သော ခံစားမှုများ ခံစားရပြီး ကြည်လင်လန်းဆန်းစေနိုင်မည့်အခြေအနေဖြစ်သည်။ အစိမ်းရောင်ဇုန်တွင်နေထိုင်နည်း သို့မဟုတ် […]

စိတ်ပိုင်းဆိုင်ရာကျန်းမာရေး, သတင်းအချက်အလက်

မြန်မာနှင့် ထိုင်းနိုင်ငံရှိ ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ

https://rightsbeyondborder.org/wp-content/uploads/2025/03/The-psychological-state-of-children-in-Myanmar-and-Thailand-212×300.png မြန်မာနှင့် ထိုင်းနိုင်ငံရှိ ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ မြန်မာနိုင်ငံသည် ကာလရှည်ကြာ နိုင်ငံရေးနှင့် လူမျိုးရေး ပဋိပက္ခများနှင့် ရင်ဆိုင်နေရပြီး ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ပြည်တွင်းရွှေ့ပြောင်းနေထိုင်မှုများ သိသိသာသာ ဖြစ်ပေါ်စေခဲ့သည်။ 2021 ခုနှစ်တွင် အာဏာသိမ်းမှုသည် တိုင်းပြည် မတည်မငြိမ်ဖြစ်စေပြီး အကြမ်းဖက်မှုများ တိုးမြင့်လာခဲ့သည်။ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် စစ်တပ်၏တိုက်ခိုက်မှုများကြောင့် ကလေးထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။ စာသင်ကျောင်းအများအပြား ဖျက်ဆီးခံရသည် သို့မဟုတ် ပိတ်ထားရပြီး၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အရည်အသွေးမီသောပညာရေးရရှိရန် အတားအဆီးများနှင့် ရင်ဆိုင်နေရသည်။ အကြမ်းဖက်မှု သို့မဟုတ် အိုးမဲ့အိမ်မဲ့ဖြစ်မှုများကြောင့် ကလေးအများအပြားသည် ၎င်းတို့၏မိသားစုနှင့် ခွဲခွာခဲ့ရပြီး ၎င်းတို့သည် လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အလွဲသုံးစားပြုမှုစသည်ဖြင့် ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ပြောင်းရွှေ့နေထိုင်နေရသော ကလေးများသည် ဆက်လက်ဖြစ်ပွားနေသော […]

စိတ်ပိုင်းဆိုင်ရာကျန်းမာရေး, သတင်းအချက်အလက်

4 နှစ်အကြာတွင် RBB PFA ပံ့ပိုးမှုအစီအစဉ်ရလဒ်များ

https://rightsbeyondborder.org/wp-content/uploads/2025/02/RBB-PFA-300×225.jpg 4 နှစ်အကြာတွင် RBB PFA ပံ့ပိုးမှုအစီအစဉ်ရလဒ်များ RBB သည် MoPH ၏ Depression, Anxiety, and Stress (DAS) အကဲဖြတ်ခြင်းစနစ်အား အသုံးပြုပြီး မြန်မာနိုင်ငံမှ အသစ်ရောက်ရှိလာသောကလေးများနှင့် လူငယ်များ၏ စိတ်ကျန်းမာရေး အခြေအနေများအား စစ်ဆေး အကဲဖြတ်မှုများ လုပ်ဆောင်နေပါသည်။ 2024 မှ ​​2025 ခုနှစ်အတွင်း၊ ကလေးနှင့်လူငယ် 528 ဦးသည် DAS အကဲဖြတ်မှုတွင် ဆန္ဒအလျောက်ပါဝင်ခဲ့ပြီး ပုံပါအချက်အလက်များသည် ရလဒ်များဖြစ်သည်။ ပြင်းထန်သော စိုးရိမ်မှုအဆင့်ရှိသော ကလေးများနှင့် လူငယ်များကို ကျွမ်းကျင်ပညာရှင်များမှ အကြံဉာဏ်ပေးခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။ PFA ပံ့ပိုးမှုအစီအစဉ်သည်လေးနှစ်ကြာပြီးနောက်၊ ကလေးများနှင့် လူငယ်များအတွက် အပြုသဘောဆောင်သော အပြောင်းအလဲအချို့အား ကျွန်ုပ်တို့ တွေ့ရှိခဲ့ရပါသည်။ #RightsBeyondBorder #rbbadvanceproject

စိတ်ပိုင်းဆိုင်ရာကျန်းမာရေး, သတင်းအချက်အလက်

အသက်အရွယ်အလိုက် ကလေးကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု

https://rightsbeyondborder.org/wp-content/uploads/2024/07/Child-Growth-and-Developement-by-Age-1-169×300.png ကလေးတိုင်းသည် စူးစမ်းလေ့လာရန် ကောင်းမွန်စွာ ရှင်သန်ကြီးထွားနိုင်ရန် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခု လိုအပ်ပါသည်။ ကလေးငယ်များ၏ အစောပိုင်းဖွံ့ဖြိုးမှုအဆင့်များနှင့် လိုအပ်ချက်များကို ကောင်းစွာနားလည်သဘောပေါက်ပြီး ပြုစုစောင့်ရှောက်သူများသည် ကျန်းမာပြီး ဘေးကင်းသောအလေ့အကျင့်များကို မြှင့်တင်ပေးရမည်ဖြစ်ပါသည်။ မတူညီသောအသက်အရွယ်အုပ်စုများရှိ ကလေးများသည် လှုံ့ဆော်မှု၊ ထိတွေ့ဆက်ဆံမှု၊ နှစ်သိမ့်မှု၊ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အနားယူမှုအတွက် မတူညီသောလိုအပ်ချက်များရှိပါသည်။ သင့်ကလေး၏အသက်အရွယ်ပေါ်မူတည်၍ အောက်ပါအရာများသည် ကလေးပြုစုစောင့်ရှောက်မှုကိုရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များဖြစ်သည်။ မွေးကင်းစ မှ ၆လအတွင်း ထိတွေ့မှု အခြေခံလိုအပ်ချက်များ (မိခင်နို့၊ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု) ပွေ့ဖက်ပြီး ကစားခြင်း။ မွေးစမှ 6လ ကလေးများသည် မိဘ၏ရင်ခွင်၌ နေထိုင်ရသော အသက်ဖြစ်သည်။ မိခင်နို့နှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သည့် အသက်အရွယ်ဖြစ်သည်။ ထိုအရွယ်ကလေးငယ်များသည် လက်ထဲမှာ တစ်ခုခုကို ဆုပ်နေတတ်ပြီး အသံတစ်သံကြားရင် စတင်နားထောင်တက်ပြီး ချော့မြူလျှင် […]

စိတ်ပိုင်းဆိုင်ရာကျန်းမာရေး

စိတ်ကျန်းမာရေးတိုးတက်ကောင်းမွန်စေသည့် အလေ့အကျင့်များ

https://rightsbeyondborder.org/wp-content/uploads/2024/06/Mental-Health-1-1-169×300.png စိတ်ကျန်းမာရေးဆိုတာဘာလဲ။ စိတ်ကျန်းမာရေးတွင် ကျွန်ုပ်တို့၏ ခံစားချက်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးကောင်းမွန်မှုတို့ ပါဝင်သည်။ ၎င်းသည် ကျွန်ုပ်တို့၏ဘ၀ကို ရင်ဆိုင်ရာတွင် ကျွန်ုပ်တို့၏တွေးခေါ်ပုံ၊ ခံစားရပုံနှင့် ပြုမူပုံတို့ကို အကျိုးသက်ရောက်စေသည်။ ကျွန်ုပ်တို့သည် စိတ်ဖိစီးမှုကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို ဆုံးဖြတ်ရန်၊ အခြားသူများနှင့် ဆက်နွယ်မှု၊ ရွေးချယ်မှုများပြုလုပ်ရန်လည်း ကူညီပေးပါသည်။ စိတ်ကျန်းမာရေးသည် ကလေးဘဝမြီးကောင်ပေါက်အရွယ်မှ အရွယ်ရောက်ပြီး သက်ကြီးပိုင်းအထိ ဘဝ၏ အဆင့်တိုင်း အသက်အရွယ်တိုင်းတွင် အရေးကြီးသည်။ မိမိကိုယ်ကို ပြုစုစောင့်ရှောက်ခြင်းသည် သင့်စိတ်ကျန်းမာရေးကို ထိန်းသိမ်းရာတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်ပြီး သင့်တွင် စိတ်ရောဂါရှိပါက ကုသမှုနှင့် ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်ပါသည်။ ကျွန်ုပ်၏ စိတ်ကျန်းမာရေးကို မည်သို့မြှင့်တင်နိုင်မည်နည်း။ သင့်စိတ်ကျန်းမာရေးကို မြှင့်တင်ရန် သင်လုပ်ဆောင်နိုင်သည့် ကွဲပြားခြားနားသော အရာများစာပါဝင်ပါသည်။   အကောင်းဘက်တွင် တည်ရှိခြင်း။ အပြုသဘောဆောင်သောအမြင်ရှိရန်ကြိုးစားရန်အရေးကြီးပါသည်။ ထိုသို့ပြုလုပ်ရန် […]

ကာကွယ်ရေး, စိတ်ပိုင်းဆိုင်ရာကျန်းမာရေး

စိတ်ပိုင်းဆိုင်ရာကပံ့ပိုးကူညီခြင်း

https://rightsbeyondborder.org/wp-content/uploads/2024/05/4-1-212×300.jpg စိတ်ဖိစီးမှုနှင့်စိတ်ဓာတ်ကျခြင်းတို့သည် ရွှေ့ပြောင်းနေထိုင်သူတိုင်းတွင် ဖြစ်ပွားလေ့ရှိနိုင်သည်။ ထိုပြသနာများအားသင်ကိုယ်တိုင်ဖြေရှင်းရန် သင်ယူခြင်းသည် ထိုသို့သောပြသနာများအား လျှော့ချစေရန် အထောက်အကူဖြစ်စေသည်။ စာဖတ်ခြင်း၊ လမ်းလျှောက်ခြင်း၊ တရားထိုင်ခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်းစသည့် အခြေခံလှုပ်ရှားမှုအချို့သည်လည်း စိတ်ဖိစီးမှုအချို့ကိုပြေလျှော့ စေပါသည်။ သို့သော် သင်သည် ကျွမ်းကျင်ပညာရှင်ထံမှ စိတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ဆွေးနွေးရန် လိုအပ်ပါက ကျေးဇူးပြု၍ ကျွန်ုပ်တို့အား ဆက်သွယ်ပါ။သင့်အား ကျွမ်းကျင်သူများနှင့် ချိတ်ဆက် ပေးရန် ကျွန်ုပ်တို့ကူညီနိုင်ပါသည်။ ၀ – ၅ မှတ် သင်သည်  စိတ်ဖိစီးမှုအလွန်နည်းသည့် အဆင့်တွင်ရှိသည်။ ၆ – ၁၇မှတ် သင်သည်  စိတ်ဖိစီးမှုပုံမှန် အဆင့်တွင်ရှိသည်။ ၁၈ – ၂၅မှတ် သင်သည်  စိတ်ဖိစီးမှုပုံမှန်ထက် အနည်းငယ်ပိုသည့် အဆင့်တွင်ရှိသည်။ သင့်တွင်ပြသနာအချို့ရှိနေပြီး ထိုပြသနာများအားမဖြေရှင်းနိုင်သေးသောကြောင့် ဖြစ်နိုင်သည်။ စိတ်ပိုင်းဆိုင်ရာနှင့် […]

Latest News

  • VACANCY ANNOUNCEMENT
    August 31, 2026
  • Unofficial English Translation of Cabinet Approves Revised Thailand–Myanmar Labour MoU and Employment Agreement
    August 14, 2026
  • ဝန်ကြီးချုပ်ရုံး၏ ပြည်နှင်ဒဏ်ဆိုင်ရာ စည်းမျဉ်းမူကြမ်း (B.E. …..) အပေါ် မြန်မာဘာသာ Unofficial ဘာသာပြန်ဆိုချက်
    July 30, 2026
  • Unofficial Translation of the Draft Regulations of the Office of the Prime Minister on Deportation B.E. …..
    July 30, 2026

Rights Beyond Border

RBB is a registered non-profit organization based in Thailand supporting the rights of children on the move along the Thai/ Burma border. Registration number 5665.

Facebook-f Youtube
NAVIGATION
  • Home
  • Info Hub
  • Projects
  • Publications
  • Contact
LATEST NEWS
  • VACANCY ANNOUNCEMENT
Contact Us
  • info@rightsbeyondborder.org

© Rights Beyond Border 2026

English
Myanmar