https://rightsbeyondborder.org/wp-content/uploads/2024/07/Online-Business-3-212×300.png ဆိုရှယ်မီဒီယာသည် ထုတ်ကုန်များရောင်းချရန်၊ ဖောက်သည်များနှင့် လျင်မြန်စွာ ဆက်သွယ်ရာတွင် အထောက်အကူပေးသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။ Facebook, Instagram, Line, YouTube , TikTok စသဖြင့် ဆိုရှယ်မီဒီယာ အများအပြားရှိပြီး မည်သည့်ဆိုရှယ်မီဒီယာပလက်ဖောင်းကို အသုံးပြုမည်ကို ရွေးချယ်ရမည်ဖြစ်သည်။ မိမိရောင်းချလိုသည့် အမျိုးအစားနှင့် ကိုက်ညီသောဖောက်သည်အမျိုးအစားကို ချဥ်းကပ်ရမည်ဖြစ်သည်။ Onlineမှစီးပွားရေးလုပ်ခြင်းသည် မိမိဖောက်သည် အမျိုးအစားအားခွဲခြားနိုင်သည့်အပြင် မည်သူသည်ပုံမှန် ဖောက်သည်၊ အသက်၊ ဝင်ငွေနှင့် စိတ်ဝင်စားမှုအား အများအားဖြင့် ဆိုရှယ်မီဒီယာမှတဆင့် သိရှိနိုင်သည်။ ဖောက်သည်သုံးနေသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းမှ လူဦးရေစာရင်း အချက်အလက်နဲ့ ဖောက်သည်၏နေ့စဉ်လှုပ်ရှားမှု အချက်အလက်များကို စိစစ်သုံးသပ်ရာတွင် အထောက်အကူပေးသည့်အတွက် သင်၏ကုန်ပစ္စည်း တံဆိပ်အတွက် အကောင်းဆုံးပလက်ဖောင်းကို သင်ရွေးချယ်နိုင်သည်။ အွန်လိုင်းစီးပွားရေးတွင် အရေးကြီးဆုံးအချက်ဖြစ်သော ဖောက်သည်နှင့် ထိတွေ့ဆက်ဆံမှုရှိအောင်ကူညီပေးပြီး၊ မိမိထံ ဖောက်သည် အဆက်မပြတ်ထိတွေ့ အမြဲရောက်ရှိနိုင်ရန်နည်းလမ်းမျိုးစုံရှိအောင်ကူညီပေးသည်။ […]
ထိုင်းနိုင်ငံအတွင်းရှိလိမ်လည်မှုများ
https://rightsbeyondborder.org/wp-content/uploads/2024/07/Scams-in-Thailand-212×300.png ငွေရေးကြေးရေး လိမ်လည်မှုများသည် ယခုကာလမှရှိလာသည်မဟုတ်ဘဲ လူမှုအဖွဲ့အစည်းနှင့် ဒွန့်တွဲလာသည်မှာကြာပြီဖြစ်သည်။ လိမ်လည်နည်းများသည်လည်း ခေတ်ကာလနှင့် အညီပြင်ပြီး အသုံးပြုနေသည့် လိမ်လည်အကွက်များသာဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ သားကောင်တွေဆီမှ ငွေလိမ်လည်ယူရန်ဖြစ်သည်။ ငွေရေးကြေးရေး လိမ်လည်မှုများ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် လိမ်လည်မှုများအား အထူးသတိထားရမည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံအတွင်း လိမ်လည်မှုဖြစ်ရပ်များအား ဥပမာအမျိုးမျိုးဖြင့် ဖော်ပြပါမည်။ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်၏လိမ်လည်မှုများ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်များသည် ကံစမ်းခြင်းနှစ်သက်ကြသော လောင်းကစားသမားများကြားတွင် အလွန်ရေပန်းစားသည်။ ယနေ့တွင် လူပေါင်း 4-5 သန်းအထိရှိပြီးအများစုမှာ စလော့နှင့်ခါဘာလာကို ကစားကြပြီး အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုဒ်လုပ်ငန်းသည် ထိုင်းနိုင်ငံပြည်တွင်းနှင့် ပြည်ပ တွင်ပါရှိသည်။ ထိုင်းနိုင်ငံအတွင်းမှာမူ ကွန်ဒို၊ အငှားအိမ်များတွင် လုပ်ငန်းလည်ပတ်ကြပြီး တစ်ခါတစ်ရံ လုပ်ငန်းပိုင်ရှင တစ်ဦးမှ ကွန်ဒိုအထပ်များစွာငှားရမ်းပြီး အထပ်တစ်ခုချင်းစီတွင် အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုဒ်အမျိုးမျိုး လုပ်ကိုင်ကြသည်။အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုဒ်သည် […]
အသက်အရွယ်အလိုက် ကလေးကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု
https://rightsbeyondborder.org/wp-content/uploads/2024/07/Child-Growth-and-Developement-by-Age-1-169×300.png ကလေးတိုင်းသည် စူးစမ်းလေ့လာရန် ကောင်းမွန်စွာ ရှင်သန်ကြီးထွားနိုင်ရန် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခု လိုအပ်ပါသည်။ ကလေးငယ်များ၏ အစောပိုင်းဖွံ့ဖြိုးမှုအဆင့်များနှင့် လိုအပ်ချက်များကို ကောင်းစွာနားလည်သဘောပေါက်ပြီး ပြုစုစောင့်ရှောက်သူများသည် ကျန်းမာပြီး ဘေးကင်းသောအလေ့အကျင့်များကို မြှင့်တင်ပေးရမည်ဖြစ်ပါသည်။ မတူညီသောအသက်အရွယ်အုပ်စုများရှိ ကလေးများသည် လှုံ့ဆော်မှု၊ ထိတွေ့ဆက်ဆံမှု၊ နှစ်သိမ့်မှု၊ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အနားယူမှုအတွက် မတူညီသောလိုအပ်ချက်များရှိပါသည်။ သင့်ကလေး၏အသက်အရွယ်ပေါ်မူတည်၍ အောက်ပါအရာများသည် ကလေးပြုစုစောင့်ရှောက်မှုကိုရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များဖြစ်သည်။ မွေးကင်းစ မှ ၆လအတွင်း ထိတွေ့မှု အခြေခံလိုအပ်ချက်များ (မိခင်နို့၊ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု) ပွေ့ဖက်ပြီး ကစားခြင်း။ မွေးစမှ 6လ ကလေးများသည် မိဘ၏ရင်ခွင်၌ နေထိုင်ရသော အသက်ဖြစ်သည်။ မိခင်နို့နှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သည့် အသက်အရွယ်ဖြစ်သည်။ ထိုအရွယ်ကလေးငယ်များသည် လက်ထဲမှာ တစ်ခုခုကို ဆုပ်နေတတ်ပြီး အသံတစ်သံကြားရင် စတင်နားထောင်တက်ပြီး ချော့မြူလျှင် […]
ထိုင်းနိုင်ငံတွင် အမျိုးသမီးအခွင့်အရေးနှင့် ကျား၊မတန်းတူအခွင့်အရေရရှိရေး
https://rightsbeyondborder.org/wp-content/uploads/2024/06/Womens-Rights-In-Thailand-1-212×300.jpg ထိုင်းနိုင်ငံရှိ အမျိုးသမီးအခွင့်အရေး ဥပဒေသုံးချက် ထိုင်းနိုင်ငံ၏ 2017 ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “အမျိုးသားနှင့် အမျိုးသမီးများ တန်းတူအခွင့်အရေး ခံစားရမည်” နှင့် လိင်ကိစ္စကြောင့် ခွဲခြားဆက်ဆံခြင်း မရှိစေရဟု ရှင်းလင်းစွာဖော်ပြထားသည်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ (UN) ကွန်ဗင်းရှင်းကို ထိုင်းနိုင်ငံသည် ၁၉၈၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ 2015 Gender Equality Act သည် ထိုင်းနိုင်ငံရှိ အမျိုးသမီးများအတွက် ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးဥပဒေများကို အားကောင်းစေပြီး ကျား၊မ ကွဲပြားမှုအပေါ်အခြေခံ၍ တစ်စုံတစ်ဦးကို ခွဲခြားဆက်ဆံခြင်းများအားလည်း တားမြစ်ထားသည်။ ထိုင်းနိုင်ငံအတွင်း အမျိုးသမီးများအပေါ် သဘောထားများ ထိုင်းနိုင်ငံတွင် အမျိုးသမီးများအပေါ် သဘောထားများသည် ရှေးရိုးဆန်သည်။ သို့သော်လည်း ကျား၊မတန်းတူရေး၊ အမျိုးသမီးလွတ်လပ်ရေးနှင့် အမျိုးသမီးခေါင်းဆောင်မှုတို့ကို […]
အသစ်ရောက်ရှိလာသူများအတွက် ရရှိနိုင်သောလူမှုရေးဝန်ဆောင်မှုများ
https://rightsbeyondborder.org/wp-content/uploads/2024/06/Social-Service-For-New-Arrival-2-212×300.jpg မြန်မာနိုင်ငံအတွင်းနိုင်ငံရေး မတည်ငြိမ်မှုများကြောင့် မဲဆောက်သို့ကာကွယ်မှုရရှိရန်အသစ်ရောက်ရှိ လာသောသူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ အစရှိသဖြင့် ရရှိနိုင်သောသင်တန်းများနှင့် ပံ့ပိုးကူညီပေးနေသောအဖွဲ့အစည်းများအား အောက်တွင်ဖော်ပြထားပါသည် 1.မယ်တော်ဆေးခန်း မယ်တော်ဆေးခန်းသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်းရှိငွေကြေးမတက်နိုင်သော သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။ ဆေးခန်း၏ မျှော်မှန်းချက်မှာ မြန်မာနိုင်ငံသားအားလုံးအတွက် အရည်အသွေးရှိသောကျန်းမာရေး စောင့်ရှောက် မှုပေးရန်ဖြစ်သည်။မယ်တော်ဆေးခန်းဖွင့်ရက်သည် တနင်္လာနေ့ မှသောကြာနေ့အထိဖြစ်ပြီး ဆေးခန်းဖွင့်ချိန်သည် နံနက် ၈နာရီမှ ညနေ ၄နာရီအတွင်းဖြစ်သည်။ အတွင်းလူနာဌာန နှင့် အရေးပေါ်ဌာနမှလွဲ၍ အခြားသောကျန်းမာရေးဝန်ဆောင်မှုများ ပြင်ပဌာနများအားလုံကို အပတ်စဥ် စနေ နှင့် တနင်္ဂနွေနေ့တိုင်းပိတ်ပါသည်။ ဆက်သွယ်ရန်ဖုန်းနံပါတ် – ၀၆၂ ၄၂၈ ၅၅၇၀ သွားကျန်းမာရေးဌာန 0917262880 မျိုးဆက်ပွားကျန်းမာရေးဌာန 0899617627 ကလေးကာကွယ်ဆေးဌာန 0630898177 မျက်စိကျန်းမာရေးဌာန 0857298615 လူကြီးပြင်ပလူနာဌာန0624285570 […]
ကလေးများ၏ ကျန်းမာရေးအခွင့်အရေး
https://rightsbeyondborder.org/wp-content/uploads/2024/06/LINE_ALBUM_I-HUB-graphic_240610_2-1-212×300.jpg ထိုင်းနိုင်ငံ၏ ဥပဒေဘောင်အောက်တွင် ကလေးများ၏ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ ကလေးသူငယ်များ၏ ကျန်းမာရေးအခွင့်အရေး အပါအဝင် အခွင့်အရေးမြှင့်တင်ရေးနှင့် အကာအကွယ်ပေးခြင်းသည် ထိုင်းနိုင်ငံအတွက် ဦးစားပေးဖြစ်သည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း (CRC) တွင် ၁၉၉၂ ခုနှစ်တွင် အဖွဲ့ဝင်ဖြစ်လာပြီးနောက် ထိုင်းနိုင်ငံသည် ဥပဒေအသစ်များကို ပြဋ္ဌာန်းခဲ့ပြီး CRC ၏ ပြဋ္ဌာန်းချက်များနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ဥပဒေပုဒ်မများစွာကို ပြင်ဆင်ခဲ့သည်။ အထင်ရှားဆုံးမှာ ၂၀၀၃ ခုနှစ် ကလေးသူငယ် ကာကွယ်ရေး အက်ဥပဒေ ဖြစ်ပြီး ဆင်းရဲနွမ်းပါးသော၊ စွန့်ပစ်ခံရသော သို့မဟုတ် မသန်မစွမ်းကလေးငယ်များကဲ့သို့သော ခက်ခဲသော အခြေအနေများတွင် ကလေးသူငယ်များအပါအဝင် လမ်းဘေးကလေးငယ်များ၊ မိဘမဲ့ကလေးများနှင့် ကလေးငယ်များအားလုံးကို အကာအကွယ်ပေးထားသည်။ အက်ဥပဒေ ပုဒ်မ ၂၂ တွင် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ကလေးသူငယ်များအား […]
မြန်မာနိုင်ငံသားများအတွက် သင့်လျော်သော ဗီဇာများ
https://rightsbeyondborder.org/wp-content/uploads/2024/06/24-1-212×300.png Elite Visa Elite Visa အမျိုးအစားသည် ပိုက်ဆံများများသုံးနိုင်ပြီးထိုင်းတွင်နေထိုင်လိုသူများ ခေါင်းလုံးဝမကိုက်ချင်သူများအတွက်အသင့်လျော်ဆုံး Visaအမျိုးအစားဖြစ်ပါသည်။ ပျမ်းမျှ ကုန်ကျစရိတ်သည် 5နှစ်တွင်ဘတ်၉သိန်း၊ 10နှစ်တွင်ဘတ်1.5သန်း၊ 15နှစ်တွင်ဘတ်2.5သန်း၊ 20နှစ်တွင်ဘတ်5သန်း အသီးသီးကျသင့်မည်ဖြစ်သည်။ Company Register + Work Permit ယခု Visa အမျိုးအစားသည် ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ပြီးဗီဇာနဲ့ work permitထုတ်သည့် နည်းလမ်းဖြစ်ပါသည်။ ကိုယ်ပိုင်companyတွင် မိမိကိုယ့်ကိုယ်အလုပ်ပြန်ခန့်၍ ဗီဇာထုတ်ခြင်းဖြစ်သည်။ ယခုဗီဇာအမျိုးအစားထုတ်ယူလိုလျှင် သတ်မှတ်စည်းမျဉ်းစည်းကမ်းဖြစ်သော (နိုင်ငံခြားသားဝန်ထမ်းတစ်ဦးခန့်တိုင်းထိုင်းဝန်ထမ်းလေးဦးခန့်ခြင်း) များ လိုက်နာရမည်ဖြစ်ပြီးသတ်မှတ်အခွန်ပမာဏအတိုင်းလည်းပြည့်မှီအောင်ပေးဆောင်ရမည်ဖြစ်ပါသည်။ Long Term Investment Visa ထိုင်းနိုင်ငံမှာရင်းနှီးမြှုပ်နှံမှု ၁၀သန်းကျော်မှစပြီး (မြန်မာငွေသိန်းတစ်သောင်းကျော်) ရင်းနှီးမြှုပ်နှံသူများအတွက် နှစ်ရှည်ဗီဇာထုတ်ပေးခြင်းမျိုးဖြစ်သည်။ ထိုင်းမှာကွန်ဒိုဝယ်ခြင်း သို့မဟုတ် အစိုးရငွေတိုက်စာချုပ်ဝယ်ခြင်းမျိုးများလည်းအကြုံးဝင်၍ မိမိရင်းနှီးမြှုပ်နှံမှုအားလုံး စုစုပေါင်းဘတ်၁၀သန်းကျော်လျှင် လျှောက်လို့ရသည့် Visa အမျိုးအစားဖြစ်ပါသည်။ (ဥပမာ ဘတ်၅သန်းတန်အခန်း၂ခန်း) […]
အရေးပေါ်အခြေအနေတွင် ကလေးပြုစုစောင့်ရှောက်ခြင်းနည်းလမ်းများ
https://rightsbeyondborder.org/wp-content/uploads/2024/06/23-1-212×300.png ထိုင်းနိုင်ငံသို့ အသစ်ရောက်ရှိလာသူများအနေဖြင့် ပတ်ဝန်းကျင်အနေအထားနှင့် အခြေအနေများကြောင့် အိမ်ထဲတွင်သာနေထိုင်ကြရသည့်အချိန်တွင် လူတိုင်းအား အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာနှင့် စိတ်ကျန်းမာရေးဆိုင်ရာများအား ထိခိုက်သက်ရောက်မှုရှိသည်။ ထိုထိုသောသက်ရောက်မှုများသည် လူတိုင်၊ အသက်အရွယ်မရွေး၊ ကျား၊မ မရွေး သက်ရောက်မှုရှိနိုင်ပါသည်။ ထိုသို့သောသက်ရောက်မှုများအား မိမိ၏သား၊ သမီး ကလေးများအပေါ် သက်ရောက်မှုမရှိစေရန်အတွက် လုံခြုံမှုမရှိသော အခြေအနေမျိုးတွင် မိဘများ၊ အုပ်ထိန်းသူများအနေဖြင့် ထိုအခြေအနေအား ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် မိမိကလေးအား မည်သို့ပြုစုစောင့်ရှောက်ရမည့်နည်းလမ်းများရှာဖွေဖော်ပြထားပါသည်။ အရေးပေါ်အခြေအနေတွင် ကလေးသူငယ်များအားစောင့်ရှောက်ခြင်း ကလေး များလည်း စိတ်ဖိစီးမှုဖြစ်နိုင်သည်။ ကွဲပြားခြားနားသည့် အပြုအမူများရှိသည်။ အပြစ်မပေးပါနှင့်။ ကလေးများအား အသိအမှတ်ပြုပေးပြီး အားပေးပါ။ ကလေးများ၏ စိတ်ခံစားချက်များကို ဖြေလျော့ဖော်ပြနိုင်ရန်အတွက် ဖွင့်ဟပြောဆိုခိုင်းခြင်း၊ ကစားခြင်း၊ ရုပ်ပုံဆွဲခြင်းတို့ဖြင့် ဆက်သွယ်ခိုင်းပါ၊ “သတိရှိပါ။ စိုးရိမ်ထိတ်လန့်မှု မလွန်ကဲပါနှင့်” ကလေးနှင့်အတူအချိန်ပေးခြင်း […]
ထိုင်းယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ယေဘုယျအားဖြင့် နားလည်ခြင်း
https://rightsbeyondborder.org/wp-content/uploads/2024/06/22-1-212×300.png Do ထိုင်းနိုင်ငံသားများအနေဖြင့် တဦးကိုတဦးနှုတ်ဆက်ချိန်တွင် လက်အုပ်ချီ၍ “စဝပ်ဒီ” ဟူ၍ပြောဆိုနှုတ်ဆက်ပါသည်။ ထိုင်းလူမျိုးများအနေဖြင့် မရင်းနှီးသောသူအား တဦးကိုတဦးပြုံးပြခြင်းအားဖြင့် ဖော်ရွေရင်းနှီုးမှုအားဖော်ပြလေ့ရှိသည်။ နေအိမ်(သို့) ဘာသာရေးအဆောက်အအုံများသို့ ဝင်ရောက်သွားလာသည့်အချိန်တွင် မိမိစီးလာသော ဖိနပ်အား ချွတ်ပြီးမှဝင်ရောက်သင့်သည်။ ထိုင်းလူမျိုးများအနေဖြင့် နာမည်အရင်းနှင့် ခေါ်ဆိုကြလေ့ရှိပြီး ခင်မင်ရင်းနှီးမှုရှိလာသည့် အချိန်တွင် အိမ်နာမည်ကိုသာ ယဉ်ကျေးမှုရှိရန် အရှေ့တွင် “ခွန်” ထည့်၍ခေါ်ဝေါ်လေ့ရှိသည်။ ထိုင်းလူမျိုးများအနေဖြင့် ဇွန်းခရင်းများအသုံးပြု၍ အစားအသောက် စားသုံးလေ့ရှိသည်။ ထိုင်းလူမျိုးများသည် သက်ကြီးရွယ်အိုများနှင့် အရေးပါသော လူပုဂ္ဂိုလ်များအား အလေးထား လေးစားလေ့ရှိသည်။ ဘုရားကျောင်းများ သို့မဟုတ် အထိမ်းအမှတ်နေရာများတွင် သပ်ရပ်စွာ ၀တ်စားဆင်ယင်ရန်။ အများပိုင်နေရာများတွင်ချမှတ်ထားသော ထိုင်းဥပဒေများအားလိုက်နာသင့်သည်။ အောက်ပါအချက်များ ပြုမူခြင်းကြောင့် ရဲတပ်ဖွဲ့မှတားဆီးခြင်း/ ဖမ်းဆီးခြင်း၊ ဒဏ်ငွေရိုက်ခံရနိုင်သောအကြောင့် ရှောင်ရှားသင့်သည်။ လမ်းပေါ်တွင် ဥပဒေမဲ့ ဖြတ်ကျော်ခြင်း သို့မဟုတ် လမ်းလျှောက်ခြင်း […]
ထိုင်းနိုင်ငံအတွင်းပြောင်းရွှေ့နေထိုင်သူများအတွက်လမ်းညွှန်ချက်
https://rightsbeyondborder.org/wp-content/uploads/2024/06/21-1-212×300.png လမ်းညွှန်ချက်များတွင် ထိုင်းနိုင်ငံအတွင်း ခိုလှုံခွင့်များရှာဖွေစဉ်အချိန်အတွင်း နေ ထိုင်မှုအခြေအနေ နှင့် လုံခြုံရေးဆိုင်ရာသတိထားရမည့် အခြေခံသတင်း အချက် အလက်များပါဝင်သည်။ ၁။ သင့်၏အခြေအနေအားနားလည် ခြင်း။ ထိုင်းနိုင်ငံသို့ ဖိအားပေး၍ရွှေ့ပြောင်းနေထိုင်ရာတွ င် သင့်အတွက် စိန်ခေါ် မှုများ နှင့် သင်၏လုံခြုံရေး ထိခိုက်မှုများ ဖြစ်စေပါ သည်။ သင့်အခြေအနေကို နားလည်ခြင်း သည် အခြား နိုင်ငံသို့ ခိုလှုံခွင့်ရရန် အရေးပါပြီး မြန်ဆန်သော ပြောင်းလဲမှုများအပေါ် ပြ င်ဆင်မှုများ အတွက်သင့်အား အထောက်အကူဖြစ်စေပါသည်။ တရားဝင်စာရွက်စာတမ်းမရှိဘဲအခြားတိုင်းပြည်တွင် နေထိုင်ခြင်းသည် အန္တရာယ်ရှိပါ သည်။ ထိုင်း နိုင်ငံသည် တရားမ၀င်ဝင်ရောက်မှုကို တားဆီးရန် အတွက် လူဝင်မှုကြီး ကြ ပ်ရေး အက်ဥပဒေအား ကျယ်ပြန့်စွာ အသုံးပြုထားသောကြော င့် သင့်အနေဖြင့် […]